ဖွေးဖွေးက အချစ်ရေး ဘယ်လိုရှိလဲ

ပရိသတ်ကြီးရေ ဖွေးဖွေးကတော့ သူမရဲ ့အချစ်ရေးကို အခုလိုပြောထားပါတယ်…

“ဖွေးအချစ်ရေးက မထူးခြားပါဘူး ထုံးစံအတိုင်းပါပဲ” လို ့ပြောထားပြီး အချစ်ရေးကို 

အသိမပေးချင်သေးကြောင်းလည်း ဖွေးဖွေးက ပြောပါတယ် ။

ဖွေးဖွေးက ဇာတ်လမ်းတွေရွေးချယ်တဲ့အပိုင်းမှာ ပိုပြီးဂျီးများလာပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းတွေကိုသာ ရွေးချယ်ရိုက်ကူးဖြစ်နေပါတယ် ။

အနုပညာပိုင်းကိုပဲ ခေါင်းထဲမှာ ထည့်ထားပြီး ပရိသတ်ကို ဇာတ်ကားကောင်းတွေကိုသာ 

ချပြရန်စီစဉ်ထားပါတယ်လို ့အကုန်သိသတင်းဌာနမှာ ပြောထားပါတယ် ။

ဆက်လက်ပြီး ဖွေးဖွေးက ပရိသတ်ကို အသစ်အဆန်းချပြချင်တဲ့အကြောင်းကိုတော့” ဖွေးကပဲ ဂျီးများတာလား ဇာတ်လမ်းတွေကပဲ မကောင်းတာလား

မသိတော့ဘူး အရမ်းဂျီးများလာတယ် ။

ဗီဒီယိုတွေ ရိုက်ကူးဖို ့ကမ်းလှမ်းထားတာတော့ အများကြီး ပရိသတ်ကို အသစ်အဆန်းချပြဖို ့လည်း ရှိပါတယ်” လို ့ဆိုပါတယ် ။

ဒါကြောင့်မို ့ဖွေးဖွေးရဲ ့ ပရိသတ်ကြီးလည်း ဖွေးဖွေးသေချာရွေးချယ်ရိုက်ကူးဖြစ်တဲ့ ဇာတ်ကားကောင်းလေးတွေကို ကြည့်ရှူ ့ခံစားရမှာပါနော် ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။