မျိုးသုန်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ့တောရိုင်းဆင်တွေကိုတော့ ပြည်ပနိုင်ငံအသီးသီးက စိတ်ဝင်စားဖမ်းဆီးလေ့ရှိတာတွေ့ရပါတယ်။ အဖိုးတန်ဆင်တွေရဲ့ သေဆုံးနဲ့ သတ်ဖြတ်ခံရမှုတွေကတော့ မကြာခဏဆိုသလို ကြားသိနေရပြီး ပြည်တွင်းထိန်းသိမ်းစောင့်ရှောင့်မှုတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်လျှက်ရှိပါတယ်။ အဆိုပါ ဆင်တွေနဲ့ ပတ်သက်ပြီး ဆင်ပြတိုက်တစ်ခုကို ရန်ကုန်မြို့မှာ တည်ဆောက်လျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ ဆင်ပြတိုက်ကတော့ မြန်မာ့ပထမဆုံး ဆင်ပြတိုက်တစ်ခုဖြစ်ပြီး ရန်ကုန်မြို့ တိရိစ္ဆာန်ဥယျာဉ်ရှိ သဘာဝသမိုင်းပြတိုက်အဆောက်အုံအတွင်းမှာ ပြသဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဆင်ပြတိုက်ကို မတ်လ ၃ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်များနေ့အထိမ်းအမှတ်အဖြစ် ဆင်ပြတိုက်(Elephant Museum)ကိုဖွင့်လှစ်ခြင်းနှင့်အတူ ဖမ်းဆီးရမိသော ဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်းတိရိစ္ဆာန်အစိတ်အပိုင်းများအား မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားကိုပါ ပြုလုပ်ခဲ့ကြောင်း သိရတယ်။  

အဆိုပါဆင်ပြတိုက်ကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF-Myanmar)မှ ထောက်ပံ့ပေးထားပြီး ရုပ်ပုံကားချပ်များ၊ ဆင်အရိုးစုများ နှင့်အစိတ်အပိုင်းများ၊ ဆင်များ၏ အလေ့အထများနှင့် အကြောင်းအရာများစွာကို ရုပ်သံပြကွက်များ၊ ကိုင်တွယ်ထိတွေ့ကြည့်ရှုနိုင်သည့် ပြကွက်များဖြင့် ပိတ်ရက်မရှိ အခမဲ့ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ နောင်လာနောင်သားတွေ တန်ဖိုးထားတက်လာစေဖို့ မြန်မာ့အဖိုးတန် ဆင်ပြတိုက်တစ်ခုအကြောင်း မျှဝေပေးလိုက်ပါတယ်။

pHOTOS - PYI MYANMAR

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။