Sexy Post များရိုက်ကူး၍နာမည်ကြီးလာသော ဆရာမဝန်မလေး မော်ဒယ် နန်းမွေစံကတော့

သူတစ်ကာထက် တမူထူးခြားတယ်ဆိုရမှာပါ ... သူမရဲ့ မွေးနေ့ပွဲကို အင်းစိန်အကျဉ်းထောင်မှာ

အလှုပြုလုပ်သွားမှာပါတဲ့ ...

" အင်းစိန်ထောင်မှာ အလှုလုပ်ဖို့ စဉ်းစားထားတယ် ... ဒါကလုပ်ချင်ခဲ့တာကြာပြီ ...

အရင်ကတော့အခြားနေရာတွေမှာ နှစ်စဉ်လှုဒါန်းတယ် ဒီနေရာမှာလှုတာ ပထမဆုံးပါ " လို့လဲဆိုပါတယ် ။

မော်ဒယ် နန်းမွေစံကတော့ အလှဓါတ်ပုံတွေ ရိုက်ကူးတဲ့ အပြင် ပန်းချီ သီချင်းဆိုတာတွေကိုလဲ

၀ါသနာပါပါတယ်လို့ဆိုပါတယ် ။ ရုပ်ရှင် ဗီဒီယိုတွေလဲ နောက်ဆက်လက်ပြီး ရိုက်ကူးသွားမှာပါတဲ့ ။

မော်ဒယ် သင်တန်းကို တက်ရောက်ခဲ့ခြင်းမရှိသော်လည်း Sexy ဓါတ်ပုံများဖြင့်နာမည်ကျော်ကြားလာပြီး

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာများ၊ MTV များအပြင် မဂ္ဂဇင်းမျက်နှာဖုံးများကိုလဲ

လက်ခံရိုက်ကူးပေးနေပါတယ် ။

Source : popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။