မြွေဆိုတဲ့ သတ္တဝါကို လူတော်တော်များများက အသည်းလည်းယားသလို ကြောက်လည်း ကြောက်တတ်ကြပါတယ်နော်။ အဲ့လိုလူတွေအတွက် အကယ်၍ခရီးထွက်ဖြစ်တဲ့အခါကျရင် ဝေးဝေးကနေရှောင်ကွင်းသွားသင့်တဲ့ ကျွနိးတစ်ခုအကြောင်းပြောပြပါမယ်။ ကျွန်းကတော့ အရမ်းလှတယ် ။ဒါပေမယ့် မြွေတွေကလည်း အကြေးခွံတွေကတလတ်လတ်နဲ့ ပိုလှတာကြောင့် အသက်အပိုမပါဘူးဆိုရင်တော့လုံးဝကို အနားတောင်သွားမကပ်ပါနဲ့လို့ဆိုပါရစေ။ကျွန်းနာမည်ကတော့ Ilha da Queimada Grandeပါ။ လွယ်လွယ်ပြောရရင်မြွေကျွန်းပေါ့။

အရင်ကတော့ ဘရာဇီးနိုင်ငံပိုင်ကျွန်းနဲ့တစ်ဆက်တည်းဆိုပေမယ့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခဲ့တာကြောင့် တကွဲတပြားစီ ဖြစ်သွားခဲ့ရတာပါ။ဒီနောက်မှာတော့ ဘရာဇီးဘက်မှာလူတွေနေပြီး Ilhaမှာတော့ မြွေတွေမင်းမူနေခဲ့ပါတယ်။ရှားပါးမြွေမျိုးစိတ်တွေလည်း ဒီကျွန်းမှာရှိသလို တွင်းအောင်း အကောင်ကြီးတွေလည်း ဒီလူသူမရှိတဲ့ကျွန်းမှာရှိပါတယ်နော်။ ဒီကျွန်းကတော့ ဘယ်နေရာကြည့်ကြည့်မြွေတွေနဲ့ချည်းပြည့်နှက်နေမှာဖြစ်ပြီးတော့ မီတာ တစ်မီတာ လောက်အကွာတိုင်းမှာ ချစ်စရာကောင်းတဲ့ မြွေဆိုးတွေကို တွေ့ရမှာပဲဖြစ်ပါတယ်နော်။

ဒါ့အပြင်ဒီမြွေတွေဟာ ငှက်အပြင်ဘာသတ္တဝါမှမရှိတဲ့ ဒီကျွန်းပေါ်မှာ အစာရှာရအရမ်းခက်ပါတယ်နော်။ တခါတစ်လေဆို ဇာတ်တူသားစားရတဲ့အထိပါပဲ။ ငှက်တွေဆိုတာက လည်း သူတို့ဘယ်လောက်ပဲဖမ်းဖမ်း ပျံပြေးနိုင်တဲ့သူမျိုးတွေဆိုတော့ အစာအတွက်အခက်တွေ့ပြီး သူတို့ရဲ့အဆိပ်တွေက အခြားနေရာတွေမှာရှိတဲ့ မြွေတွေထက် အဆပေါင်းများစွာအစွမ်းထက်ပါတယ်နော်။သင်သာ ဒီကျွန်းပေါ်ကို မတော်တဆများရောက်သွားခဲ့မယ်ဆိုရင်တော့ သင်ဟာ ဒီချစ်စရာမြွေဆိုးလေးတွေရဲ့ ဒင်နာဖြစ်မှာဖြစ်ပြီးတော့ ကုသိုလ်လည်းသေချာပေါက်ရမှာပါ။ ကဲ... ပါရမီဖြည့်ချင်တဲ့ ပရိတ်သတ်ကြီးတွေအတွက်တော့ ဒီကျွန်းဟာသွားသင့်တဲ့နေရာလေးတစ်ခုပါပဲနော်။

Source : Ilha Queimada Grande

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။