အောင်မဲညိုပန်းလို့ မြန်မာနိုင်ငံမှာခေါ်ဝေါ်ကြပြီး နိုင်ငံတကာမှာ Butterfly Pea Flowerလို့ သိကြတဲ့ ပန်းပွင့်တွေကို မြန်မာနိုင်ငံရဲ့ နေရာဒေသတော်တော်များများမှာ တွေ့နိုင်ပြီး တကယ့်ကို ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ အနောက်နိုင်ငံမှာဆိုရင် အောင်မဲညိုပန်းပွင့်တွေကို ဟင်းလျာတွေထဲမှာ ထည့်ချက်ကြပြီး အရောင်တင်တဲ့ နေရာမှာ အသုံးပြုကြပါတယ်။ အသုံးပြုပုံတွေအများကြီးရှိတဲ့ ထဲကမှ အောင်မဲညိုလက်ဖက်ရည်ကြမ်းကို သောက်သုံးခြင်းကြောင့်ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေကို ဖော်ပြပေးထားပါတယ်။

(၁) အောင်မဲညိုလက်ဖက်ရည်ကြမ်းက မျက်စိအတွက် တကယ့်ကို အကျိုးပြုတဲ့ ဆေးကောင်းတစ်ခွက်ဖြစ်ပါတယ်။ သူ့ကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် မျက်စိမှုန်ခြင်း၊ အမြင်အာရုံဝေဝါခြင်းနဲ့ အာရုံကြော ပြဿနာတွေကို ပျောက်ကင်းစေနိုင်တဲ့ အပြင် ခေါင်းတခြမ်းကိုက်ခြင်း၊ မူးမောခြင်းတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၂) အောင်မဲညိုမှာဆိုရင် အခြား လက်ဖက်ခြောက်တွေလိုပဲ ခုခံအားကို ကောင်းစေတဲ့ Antioxidant ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ကိုယ်ခံအားတွေကို ရရှိစေပြီး နှလုံးရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၃) အောင်မဲညိုလက်ဖက်ရည်ကြမ်းကို သောက်သုံးခြင်းဖြင်း ခန္ဓာကိုယ်တွင်းရောင်ရမ်းနာကျင်မှုတွေကို လျော့ချပေးနိုင်တဲ့ အပြင် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ အဆိပ်အတောက်တွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၄) အောင်မဲညို စိတ်ကစဉ်းကလျားဖြစ်ခြင်း စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုတွေကို မဖြစ်ပွားအောင်လည်း ကာကွယ်ပေးနိုင်တဲ့ အပြင် မှတ်ဉာဏ်ချို့ယွင်းစေတဲ့ Alzheimer ကဲ့သို့သော ရောဂါဝေဒနာတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။

(၅) ဆေးဖက်ဝင်တဲ့ ဖြစ်တဲ့ အောင်မဲညိုအပွင့်တွေကို အလှကုန်ပစ္စည်းတွေမှာ ထည့်သွင်းထုတ်လုပ်လာကြပြီး အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အရေးကြောင်းတွေကိုလည်း မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပြီး ဆေးဖက်ဝင်တဲ့ အောင်မဲညိုပန်းပွင့် လက်ဖက်ရည်ကြမ်းကို ပုံမှန်သောက်သုံးရင်း ကျန်းမာရေး ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

Source: mercola.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။