လူတိုင်းမှာ ရှိသင့်တဲ့ အကျင့်တစ်ခုက မနက်အိပ်ယာနိုးတိုင်း ရေတစ်ခွက်ကို သောက်သုံးပေးသင့်ခြင်းပါ။ ယခုလို ပူအိုက်တဲ့ ရာသီဥတုမျိုးမှာဆိုရင် အများစုက ရေခဲရေကို သာ သောက်သုံးကြတာကို များပါတယ်။ ရေရဲ့ အဓိက အာနိသင်က ခန္ဓာကိုယ်တွင်း ဆဲလ်တွေကို သယ်ယူပို့ဆောင်ရာမှာ လွယ်ကူအဆင်ပြေစေဖို့ အတွက် အဓိက အထောက်အကူပြုပေးနေတဲ့ အရာတွေဖြစ်ပါတယ်။ ကျွနု်ပ်တို့ နေ့စဉ်သောက်သုံးနေတဲ့ရေအေးထက် ရေနွေးက ပိုပြီးတော့ ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်သလို ကျန်းမာရေးအတွက် ဘယ်လောက်ကောင်းကျိုးပေးနိုင်တယ်ဆိုတာကို ပြန်လည်မျှဝေပေးထားပါတယ်။

- ရေကို အပူပေးလိုက်တဲ့ အခါ ရေထဲမှာပါတဲ့ ရောဂါပိုးမွှားတွေကိုသေစေပြီး ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်လာစေပြီး သွေးလည်ပတ်မှုကိုလည်း အထူးကောင်းမွန်စေနိုင်ပါတယ်။

- ရေနွေးက ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ချွေးအဖြစ်ပြန်လည် ထုတ်ပေးပြီး ကြွက်သားတွေကို ပြေလျော့စေတဲ့ အပြင် အဆီပိုတွေကိုလည်း လောက်ကျွမ်းစေနိုင်လို့ ဝိတ်ချနေတဲ့ သူတွေအတွက် အထူးသင့်တော်ပါတယ်။

- ရေနွေးက အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ နှာစေးခြင်း၊ ချောင်းဆိုးခြင်း ၊ အအေးမိခြင်းတို့ကို ထိရောက်စွာ ပောျက်ကင်းစေနိုင်ပါတယ်။

- ရေအေးသောက်တဲ့ အခါ အစားအသောက်တွေမှာပါတဲ့ အဆီတွေကို ခဲသွားစေပြီး အူနံရံတွေမှာ တွယ်ကပ်စေတာကြောင့် အူလမ်းကြောင်းနဲ့ပတ်သတ်တဲ့ ကင်ဆာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ရေနွေးကို သောက်ပေးမယ်ဆိုရင် ထိုရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

- နောက်တစ်ချက်ကတော့ ရေအေး အစား လက်ဖက်ခြောက်မပါတဲ့ ရေနွေးကို မနက်အိပ်ယာထမှာ သောက်သုံးပေးမယ်ဆိုရင် အူလမ်းကြောင်းကို ကောင်းမွန်စေပြီး အစာခြေစနစ်ကို ထိန်းညှိပေးတာကြောင့် ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပြီး တစ်နေ့ကုန် လန်းဆန်းစေပါတယ်။

ဒါကြောင့် ရေနွေးကို ပုံမှန်သောက်သုံးပေးခြင်းက သင့်အတွက် အသက်ရှည်ဆေးတစ်ခွက်ဖြစ်တဲ့ အပြင် ကျန်းမာကောင်းမွန်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်စေမှာပါ။

Source: theactivetimes.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။