ပရိတ်သတ်အချစ်တွေကိုသိမ်းပိုက်ပြီး ကြက်သီးထလောက်တဲ့

ဆုတွေ တစ်ပွေ့တစ်ပိုက် ပိုင်ဆိုင်သွားသူကတော့ Myanmar Idol Winner သားငယ်ပါ ။

လတ်တလောမှာ အလုပ်တွေများနေတဲ့ သားငယ်က ဇာတိကိုပြန်ဖို့ပြင်ဆင်နေပါတယ် ။

Winner ဆုကိုပိုက်ပြီး ဇာတိပြန်တော့မယ့် သားငယ်ကတော့

အိမ်အပြန်လမ်းမှာ မျက်နှာပန်းလှ လှပါတယ် ။

သူ့ကိုစောင့်ကြိုနေတဲ့ပရိတ်သတ်တွေလဲ ရခိုင်တစ်ပြည်နယ်လုံး ဒု နဲ့ ဒေး ပါပဲ ...

သို့ပေမယ့်လဲ ရခိုင်ပြည်နယ်တစ်ခုလုံးကိုတော့ သွားဖို့မဖြစ်နိုင်သေးပါဘူးတဲ့ ။

ဒါကြောင့်မို့ ရခိုင်က သူ့ပရိတ်သတ်တွေကို အောက်ပါအတိုင်းတောင်းပန်စကားဆိုခဲ့ပါတယ် ။

" ကျနော်

ဒီနေ့ မာန်အောင်ကိုလာပါမယ်..

မနက်ဖြန်မနက် တောင်ကုတ် ကိုရောက်မှာပါ

တောင်ကုတ်ကအမျိုးတွေနဲ့လည်းတွေ့ချင်ပါတယ်ဗျား...

ရခိုင်တစ်ပြည်နယ်လုံးကို လာချင်ပေမယ့်

သင်္ကြန်အတွက်ပြင်ဆင်စရာလေးတွေနဲ့

လက်ခံထားပြီးသားပွဲလေးတွေရှိလို့

မွေးရပ်မြေ #ရခိုင်ပြည်နယ်

#မာန်အောင် မြို့မှာပဲ ကွယ်လွန်သွားတဲ့ ကျနော့်မိဘနှစ်ပါး

အတွက် ရည်စူးပြီး အလှုု လုပ်ပေးရင်း ကျနော်ချစ်ရတဲ့သူအားလုံးနဲ့လည်း

ပရဟိတ တစ်ခုခုလုပ်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ပါတယ်..

တစ်ခြားမြို့တွေကို လောလောဆယ်မလာနိုင်ခဲ့တာကိုတော့ နားလည်

ခွင့်လွှတ်နားလည််ပေးဖို့(အထူး)မေတ္တာရပ်ခံပါရစေ...

သင်္ကြန်ပြီးတာနဲ့ ကျနော်အချိန်ရရင်ရသလို အားလုံးနဲ့တွေ့ဖို့

ကျနော်စီစဉ်ပါ့မယ်ဗျ....????

သာလီစွပါ

pls_share

ချစ်တဲ့

tharnge " 

ပရိတ်သတ်ကိုလေးလေးစားစားတောင်းပန်စကားဆိုခဲ့တဲ့ သားငယ်ကိုတော့ သူ့ပရိတ်သတ်တွေ

အချစ်တိုးဦးတော့မှာပါပဲ ...

Source : Thar Nge

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။