နာမည်ကြီး အနုပညာရှင်တစ်ဦးဖြစ်သူ သဥ္ဇာနွယ်ဝင်းဟာ ဖေဖော်ဝါလီ ၃ ရက်နေ့က သူမရဲ့ ခင်ပွန်းဖြစ်သူ ကို လှမျိုးမြင့်နဲ့ လက်ထပ်ခဲ့ပါတယ်။ လက်ထပ်ပွဲကာလတစ်လျှောက်မှာတော့ ပရိသတ်အချို့ရဲ့ မကောင်းဝေဖန်ခြင်းတွေ ခံခဲ့ရပြီး ရုတ်တရက် မင်္ဂလာဆောင်လိုက်တာ ဖြစ်တဲ့အတွက် ပရိသတ်တွေကြား အံ့အားသင့်စရာဖြစ်စေခဲ့ပါတယ်။

နာမည်ကြီး အဆိုတော်တစ်ဦးနဲ့ လူသိရှင်ကြား တွဲခဲ့ပြီးမှ လက်ထပ်သွားတာမို့ အိမ်ထောင်ရေးဟာ ပျော်ရွှင်စရာဖြစ်မှမဟုတ်ဘူး ဆိုတဲ့ ဝေဖန်မှုတွေလည်း ကြုံတွေ့ခဲ့ရပေမယ့် ထိုဝေဖန်မှုတွေကတော့ တက်တက်စင်အောင် လွဲခဲ့ရပါတယ်။ သဥ္ဇာတစ်ယောက် ဘယ်လောက်ထိ ပျော်ပြီး စိတ်ချမ်းသာနေရသလည်း ဆိုတာကိုတော့ ပရိသတ်ကြီးအားလုံး အသိဖြစ်မှာပါ။ လက်ထပ်ပွဲပြီးတော့ ဘာလီကျွန်းကို ဟန်းနီးမွန်းခရီးထွက်ခဲ့ပြီး ဟိုတလောကလည်း မြန်မာနိုင်ငံအလည်ပိုင်းကို နှစ်ကိုယ်တူ ခရီးလွှင့်ခဲ့ပါသေးတယ်။

မြန်မာမိန်းကလေးတွေကြား "ငါ တို့သည် သဥ္ဇာနွယ်ဝင်း များသာ" ဆိုတဲ့ ဆောင်ပုဒ်ကနာမည်ကြီးနေပြီး ဒီဆောင်ပုဒ်ကတော့ မိန်းကလေးတစ်ဦးအနေနဲ့ ကိုယ့်ဘဝကို လုံခြုံအောင် ပျော်ရွှင်အောင် စိတ်ချမ်းသာအောင် ထားနိုင်မယ့် သူမျိုးကို ရွေးချယ်သင့်တယ် ဆိုပြီး ပြောထားကြပါတယ်။ ပရိသတ်တွေကြား သူမအိမ်ထောင်ဖက်ကို ဘယ်လို ရွေးချယ်ခဲ့သလဲ ဘယ်လို အချက်တွေကို ကြည့်ပြီး ရွေးချယ်ဖြစ်ခဲ့သလဲ ဆိုတာ စိတ်ဝင်စားနေကြာတာမို့ ရေးသားပေးလိုက်ပါတယ်နော်……

" စတွေ့တဲ့အချိန်မှာ သူကလူကြီးလူကောင်းဆန်တယ်။ ပြီးတော့ ယောက်ျားတစ်ယောက်အနေနဲ့ အားကိုးချင်စရာကောင်းတယ်။ တရုတ်လူမျိုး အချင်းချင်းလည်း ဖြစ်တယ်။ သဥ္ဇာကိုလည်း သူက အိမ်ထောင်ဖက် အဖြစ်သဘောကျတယ်။ အဲ့ဒီလိုနဲ့ ယူဖြစ်ခဲ့တာပါ။ ရည်းစားဖြစ်ပြီးတော့လည်း သူ့ဘက်က မင်္ဂလာဆောင် ကိစ္စတန်းပြောတယ်။ သူ ကိုယ့်အပေါ်ဆက်ဆံပုံတွေကို ကြည့်ပြီး အိမ်ထောင်ပြုမယ်ဆိုရင် ဒီတစ်ယောက်က အရမ်းကောင်းတဲ့သူ ဖြစ်မယ်လို့ ကောက်ချက်ချမိတယ်။ ကိုယ့်မိသားစုအပေါ်လည်း ကောင်းတယ်။ ကိုယ်နဲ့ အရမ်းရင်းနှီးတဲ့ လူတစ်ယောက်လို့လည်းခံစားရတယ်။ သူ့ကို ကြည့်လိုရှိရင် ညီမရဲ့ အဖေနဲ့ အမေလို ခံစားရတယ်။ ညီမအတွက် နွေးထွေးကြင်နာမှုရှိတဲ့ လူတစ်ယောက်လို့ မြင်မိတယ်။ နောက်ပြီးသူက ကိုယ်တစ်ကယ်ကို အားကိုးလို့ရမယ့် လူတစ်ယောက်ဖြစ်နေတယ်။ ပြီးတော့ ကိုယ်အိမ်ထောင်ကျခဲ့လို့ ကလေးယူမယ်ဆိုရင် ကိုယ့်ကလေးရဲ့အဖေက တော်တဲ့သူတစ်ယောက် ကိုယ့်ကလေးတွေကို လမ်းကြောင်းမှန်ပေါ်ပိုပေးနိုင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်စေချင်တယ်။ သူ့ကို ရိုလည်းရိုသေတယ်။ လေးလည်းလေစားတယ်။ ပြီးတော့ ကိုယ်အားကိုးလို့ရမယ်ဆိုတာလည်း ယုံကြည်တယ်။ မိန်းမတစ်ယောက်အနေနဲ့ အားကိုးသင့်တဲ့ ယောက်ျားတစ်ယောက်ဖြစ်တဲ့အတွက် လက်ထပ်ဖို့ ရွေးချယ်ခဲ့တာပါ" ဆိုပြီး ပြောခဲ့ပါတယ် ပရိသတ်ကြီးရေ……

Source: Thinzar Nwe Win

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။