နာမည်ကြီးအဆိုတော်တစ်ယောက်လဲတက်ရောက်ခဲ့တယ်လို့သိရပါတယ်

သဘာဘေးအန္တရာယ်တွေကြောင့် ပျက်စီးဆုံးရှံးရတာတွေလည်း ကမ္ဘာတစ်ဝှမ်းမှာ ဒုနဲ့ဒေးပါပဲ။ Earth Hour ဆိုတာက ရာသီဥတုပြောင်းလဲမှုကိုသိရှိသဘောပေါက်မှုမြင့်တင်ရေးအတွက် တစ်ကမ္ဘာလုံးကနိုင်ငံအသီးသီးမှာ နှစ်စဉ်ဆောင်ရွက်နေတဲ့လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ၆၀+ ဆိုတဲ့သင်္ကေတကတော့ တစ်နာရီစာကြိုးပမ်းမှုကနေ မိနစ် ၆၀ထက်မကတဲ့ထိရောက်သောအကျိုးကျေးဇူးတွေရရှိရန်ရည်ရွယ်ပါတယ်။ မနှစ်ကတော့ နိုင်ငံပေါင်း ၁၇၈ နိုင်ငံမှာ ကျင်းပခဲ့ပြီး ယခုနှစ်မှာ မြန်မာနိုင်ငံကလည်းပထမဆုံးအကြိမ်အဖြစ်ပါဝင်ဆင်နွှဲခဲ့ပါတယ်။

အဆိုပါပွဲကို မတ်လ ၂၅ ရက်နေ့က ရွှေတိဂုံစေတီတော်တွင်ကျင်းပခဲ့ပြီး အများပြည်သူတွေပါအတူတူ ဆီမီး ၁၀၀၀၀ ထွန်းညှိခြင်း အစီအစဉ်တွင် နိုင်ငံကျော်အနုပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်တွေ ၊ စေတနာ့ဝန်ထမ်းတွေ နဲ့ အတူပါဝင်ဆင်နွှဲခဲ့ပါတယ်။ WWF Myanmar ကနေဦးဆောင်ကျင်းပခဲ့ပြီး သံတမန်တွေဖြစ်တဲ့ ဒေါက်တာထွန်းလွင်၊ ပရိသတ်အချစ်တော် ဘန်နီဖြိုး နှင့် မော်ဒယ် ခြူးစစ်ဟန်တို့လည်းပါဝင်ဆင်နွှဲခဲ့ပါတယ်။ သဘာဝဘေးတွေ ရာသီဥတုဒဏ်တွေအလူးအလဲခံစားနေရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ပြီး အဆိုပါဘေးအန္တရာယ်တွေကြောင့် သေဆုံးသွားရသူတွေလည်း မနည်းမနောပဲဖြစ်ပါတယ်။ အဆိုပါ ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ဘဝတစ်ပါးသို့ကူးပြောင်းသွားသူတွေကိုရည်စူးပြီး Earth Hour ပွဲမှာ အမျှအတန်းပေးဝေခြင်းတွေပြုလုပ်ခဲ့ပါသေးတယ်။ ပရိသတ်ကြီး လေ့လာရဖို့ Earth Hour ပုံရိပ်လေးတွေကို တင်ပေးလိုက်ပါတယ်နော်……

Photo Source: Facebook Users

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။