ပရိသတ်ကြီးရေ..ကမ္ဘာကြီးပေါ်မှာ ရှင်သန်နေထိုင်တဲ့ သတ္တဝါ များစွာရှိတဲ့အထဲမှာမှ ကျနော်တို့ နေ့စဉ်မြင်တွေ့နေကျ မဟုတ်တဲ့ သတ္တဝါ များစွာရှိပါတယ်။ ထိုသတ္တဝါလေးတွေဟာ ကုန်းနေသတ္တဝါ ၊ ရေနေသတ္တဝါနဲ့ ငှက်မျိုးစိတ်တွေမှာပါ ရှိနေပါတယ်။

ဒီတစ်ခါ ပရိသတ်ကြီးအတွက် ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးချင်တာကတော့ မြားဂဏန်းဆိုတဲ့ အကောင်လေးတွေပဲဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတိုင်း ထူးခြားတဲ့ ပုံသဏ္ဍာန်ရှိတဲ့ ဒီအကောင်လေးတွေဟာ ဂဏန်းမျိုးစိတ်ထဲမှာ ပါဝင်နေတယ်လို့လည်းသိရပါတယ်။ 

ထိုမြားဂဏန်းလေးတွေရဲ့အရွယ်အစားကတော့ ၁လက်မလောက်သာရှိပြီး ခြေတံတွေကတော့ ၄လက်မ အထိရှိပါတယ်။ ပုံမှန်အားဖြင့် တွေ့မြင်ရခဲလှပြီး အနီးကပ် သေချာလေ့လာချင်သူများအတွက် အင်္ဂလန်နိုင်ငံက ငါးပြတိုက်တစ်ခုမှာ ပြသထားတယ်လို့ ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ 

Source:Naykhayan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။