လက်တလောပြည်တွင်းမှာ နာမည်ကြီးနေတဲ့ နိုင်ငံတကာရုပ်ရှင်ဇာတ်ကား Line Walker 2 ရိုက်ကူးမှုကိုတော့ အားလုံးလည်း သိမယ်ထင်ပါတယ်။ ကမ္ဘာကျော်မင်းသားတွေနဲ့လာရောက်ရိုက်ကူးနေတဲ့ ဇာတ်ကားတစ်ကားဖြစ်သလို ပြည်တွင်း အနုပညာရှင်များစွာလည်း ပါဝင်လျှက်ရှိတဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ အမိုက်စားရိုက်ကူးမှုတွေနဲ့ အကောင်းဆုံးပြင်ဆင်ရိုက်ကူးနေပြီး လက်ရှိ ရန်ကုန်မြို့အလယ်နေရာကြီးတွေမှာ အဓိကရိုက်ကူးလျှက်ရှိတာတွေ့ရပါတယ်။    

ငွေသုံးစွဲမှုများစွာရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေကလည်း များစွာရှိတာကိုတော့ လာရောက်ကြည့်ရှု့သူတွေအားလုံးတွေ့မြင်ရမှာပါ။ သွားရောက်ကြည့်ရှု့သူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့ပြီး အသုံးပြုပုံနဲ့ ရိုက်ကူးပုံတွေကတော့ အားလုံးကို လေးစားစေခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ၁၂ရက်မြောက်နေ့မှာလည်း အမိုက်စားကားဖောက်ခွဲမှုတွေနဲ့ ပြင်းပြင်းထန်ထန်ကြိုးစားရိုက်ကူးလျှက်ရှိတာတွေ့ရပါတယ်။ လက်နတ်ခဲ့ယမ်းအပြည့်အစုံနဲ့ ရိုက်ကူးနေတဲ့ ဇာတ်ကားတစ်ကားဖြစ်သလို အသုံးပြုလျှက်ရှိတဲ့ ကားများစွာကိုလည်း ဖော်ခွဲမှုတွေပြုလုပ်ခဲ့တာတွေ့ရပါတယ်။  

မြန်မာနိုင်ငံရဲ့ တန်ဖိုးကြီးပစ္စည်းများစွာကို ဖျတ်စီးခဲ့ပြီး အကောင်းဆုံး ဇာတ်ဝင်ခန်းတွေကို ဖန်တီးလျှက်ရှိတာပဲဖြစ်ပါတယ်။ အဆိုပါ ဇာတ်ဝင်ခန်းတွေထဲမှာ ကားမီးလောင်မှုနှင့် အပြင်းအထန်ပစ်ခတ်မှုတွေကတော့ လာရောက်ကြည့်ရှု့သူပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး အကောင်းဆုံးလို့ ပြောလောက်အောင် ကြိုးစားခဲ့ကြတာပဲဖြစ်ပါတယ်။ ၎င်း ဇာတ်ကားကြီးရဲ့ ဇာတ်သိမ်းပိုင်းကိုတော့ စပိန်နိုင်ငံမှာ သွားရောက်ရိုက်ကူးမှာဖြစ်ပြီး ပြည်တွင်း ရိုက်ကူးမှုကတော့ ပြီးဆုံးခဲ့ပြီပဲဖြစ်ပါတယ်။ ပရိသတ်တွေကြားရေပန်းစားနေတဲ့ ပြည်တွင်း Line Walker 2 ရုပ်ရှင်ဇာတ်ကားကြီးမှ အမိုက်စားဇာတ်ဝင်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - hEADLINE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။