အာဖရိကတိုက်တွင် ၁၉၇၀ ပြည့်နှစ်များက တွေ့ရှိခဲ့သည့် အီဘိုလာရောဂါသည် ပြည်သူအများအား စိတ်ချောက်ချားမှုဖြစ် စေခဲ့ပါတယ်။ အီဘိုလာဆိုတာ သွေးထွက်လွန် အဖျားရောဂါ Ebola hemorrhagic fever (EHF) ရဲ့အတိုကောက်အမည်ဖြစ်ပြီး အီဘိုလာသည် လူနှင့် အခြား ပရိုင်းမိတ်သတ္တဝါများဖြစ်ကြသည့် လူဝံ၊ မျောက်စသော အဆင့်မြင့် နို့တိုက်သတ္တဝါများကို သွေး အလွန်အကျွံထွက်စေသည့် ဗိုင်းရပ်စ်မျိုးဖြစ်ပါတယ်။ လည်ပင်းနှင့် ကြွက်သားနာကျင်ခြင်း၊အော့အန်ခြင်း၊ဝမ်းလျှောခြင်း၊ ကိုယ်တွင်းကိုယ် ပြင် သွေးထွက်ခြင်းအစရှိသည့် ရောဂါလက္ခဏာများဖြစ်ပြီး ရက်သတ္တပတ် အတန်ကြာဖြစ်ပေါ်လေ့ရှိပါတယ်။ 

ကူးစက်ခံရသူ ထက်ဝက်ကျော်မှ ၉၀ ရာခိုင်နှုန်းအထိ သေဆုံးစေခဲ့သည့် ရောဂါ၏ ထိခိုက်မှုအပေါ် မူတည်လျက် အီဘိုလာ သည် သေဆုံးမှု မြင့်မားသော ရောဂါတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မတ်လတုန်းက အနောက်အာဖရိကတွင် ဖြစ်ပွား ခဲ့သည့် အီဘိုလာဟာ ယခင်က ဖြစ်ပွားခဲ့မှုထက် ပြင်းထန်ခဲ့ကာ သေဆုံးသူဦးရေသည် ငါးဆအထိ မြင့်တက်ခဲ့ပါတယ်။ 

အီဘိုလာ ဖြစ်ပွားမှုကို အမေရိကန်နှင့် ဥရောပတိုက်နိုင်ငံများသို့ သတင်းပေးပို့ခဲ့ပေးပေမယ့်လည်း ၂၀၁၆ အထိ အီဘိုလာရောဂါကို အပြည့်အဝကန့်သတ် ထိန်းချုပ် နိုင်ခြင်းမရှိခဲ့ပါဘူး။ အီဘိုလာသည် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပွားခဲ့သည့် ခေတ်ပေါ်ရောဂါများအပေါ် ကမ္ဘာ့ကျန်းမာ ရေး အဖွဲ့ချုပ် (WHO) ၏ တုံ့ပြန်နိုင်မည့် အရည်အချင်းကို စမ်းသပ်ခဲ့သည့် ရောဂါအဖြစ်လည်း သမိုင်းတွင်ကျန်ရစ်ခဲ့ပါတယ်။ 

Source : Mg Thar ( ရှေးဟောင်းသုတေသန) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။