လက်တလောပြည်တွင်းမှာ နာမည်ကြီးနေတဲ့ နိုင်ငံတကာရုပ်ရှင်ဇာတ်ကား Line Walker 2 ရိုက်ကူးမှုကိုတော့ အားလုံးလည်း သိမယ်ထင်ပါတယ်။ ကမ္ဘာကျော်မင်းသားတွေနဲ့လာရောက်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်သလို ပြည်တွင်း အနုပညာရှင်များစွာလည်း ပါဝင်လျှက်ရှိတဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ အမိုက်စားရိုက်ကူးမှုတွေနဲ့ အကောင်းဆုံးပြင်ဆင်ရိုက်ကူးနေပြီး လက်ရှိ ရန်ကုန်မြို့အလယ်နေရာကြီးတွေမှာ အဓိကရိုက်ကူးလျှက်ရှိတာတွေ့ရပါတယ်။    

ငွေသုံးစွဲမှုများစွာရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေကလည်း များစွာရှိတာကိုတော့ လာရောက်ကြည့်ရှု့သူတွေအားလုံးတွေ့မြင်ရမှာပါ။ သွားရောက်ကြည့်ရှု့သူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့ပြီး အသုံးပြုပုံနဲ့ ရိုက်ကူးပုံတွေကတော့ အားလုံးကို လေးစားစေခဲ့တာပဲဖြစ်ပါတယ်။ လက်နတ်ခဲ့ယမ်းအပြည့်အစုံနဲ့ ရိုက်ကူးနေတဲ့ ဇာတ်ကားတစ်ကားဖြစ်သလို အသုံးပြုလျှက်ရှိတဲ့ ကားများစွာကိုလည်း ဖော်ခွဲမှုတွေပြုလုပ်ခဲ့တာတွေ့ရပါတယ်။  

မြန်မာနိုင်ငံရဲ့ တန်ဖိုးကြီးပစ္စည်းများစွာကို ဖျတ်စီးခဲ့ပြီး အကောင်းဆုံး ဇာတ်ဝင်ခန်းတွေကို ဖန်တီးလျှက်ရှိတာပဲဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုအပြီးမှာတော့ လမ်းမပေါ်ရှိ မီးလောင်ကျွမ်းကားများနှင့် ညစ်ညမ်းသွားသော လမ်းမများကိုတော့ ပြည်တွင်း စည်ပင်သာရာအဖွဲ့မှာလာရောက်ရှင်းလင်းခဲ့ကြရတာတွေ့ရပါတယ်။ ရိုက်ကူးမှုအပြီး ပြန်လည် တွေ့ရှိရတဲ့ ရိုက်ကွင်း ဒေသညစ်ညမ်းမှုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS -BEHINE THE MOVIE 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။