ဖင်လန်နိုင်ငံမှာ နှစ်ပေါင်း (၂၀၀) နီးပါး ရှိနိုင်တယ်လို့ ယူဆရတဲ့ ဘီယာ ပုလင်းနှစ်လုံးကို ရှာဖွေတွေ့ ရှိခဲ့ ပါတယ်။ အေလန်းကျွန်း နားက သဘောၤပျက်ထဲ ကနေ ရေငုတ်သမား တွေက ရှာဖွေတွေ့ ခဲ့တာ ဖြစ်ပါတယ်။ ဒီဘီယာ ပုလင်း နှစ်လုံးပာာ သက်တမ်း အရင့်ဆုံး ဘီယာ ပုလင်းတွေ ဖြစ်နိုင် တယ်လို့ ဒေသ ဆိုင်ရာ တာဝန်ရှိသူတွေက ယူဆနေကြ ပါတယ်။  

တာဝန်ရှိသူ တစ်ဦးက သက်တမ်း အရင့်ဆုံး ဘီယာတွေဖြစ ်နိုင်ကြောင်း အတည်ပြု ပြောကြားခဲ့ ပါတယ်။ ဒီဘီယာ ပုလင်းတွေကို ရှာဖွေ တွေ့စဉ်က သက်တမ်း အရင့်ဆုံး ဝိုင်ပုလင်းတွေလို့ ထင်မှတ်ခဲ့ကြတာပါ။ ယခင်တွေ့ခဲ့တဲ့ သက်တမ်း အရင့်ဆုံး ဘီယာက အင်္ဂလန်မှာ တွေ့ရှိခဲ့ကာ ၁၈၆၉က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဘီယာ ပုလင်းကို ဖော့နှင့်ဆို့ ထားပြီး အေးမျှတဲ့ ပင်လယ်ရေအောက်မှာရှိ တာကြောင့် မပျက်မစီးဘဲ ရှိနေတာ ဖြစ်ပါတယ်။ 

(၁၈၀၀) ကနေ (၁၈၃၀) ကာလ အတွင်း ပြေးဆွဲတဲ့ ကုန်တင် သဘောင်္မှာ ဘီယာတွေ၊ ရှမ်ပိန်တွေ သယ်ဆောင် လာတာ ဖြစ်ပြီး ပင်လယ် ရေအောက် မီတာ (၅၀) မှာ နစ်သွားခြင်း ဖြစ်ပါတယ်။ ဒီသဘောၤဟာ ဒိန်းမတ် ကနေ ရုရှားကို သွားခဲ့တာ ဖြစ်ပြီး ပြင်သစ် ဘုရင်က ရုရှား သံတမန ်အဖွဲ့ကို ပို့ဆောင်တဲ့ သဘောၤ ဖြစ်ဖွယ် ရှိတယ်လို့ ဆိုထား ပါတယ်။  

Source : Naykhayan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။