အမိုက်စားbody ကိုပိုင်ဆိုင်ထားတဲ့ မော်ဒယ်သရုပ်ဆောင်၊ အဆိုတော် ၀ါဆိုမိုးဦး ကတော့ အလန်းဆုံးဖက်ရှင်နဲ့ ပို့စ်ပေးလိုက်ပြန်ပါပြီ။

လက်တလောမှာတော့ ၀ါဆိုမိုးဦးတစ်ယောက် လှပတဲ့အဖြူရောင်ကိုနောက်ခံထားပြီး ခရမ်းရောင်ဂါဝန်လေးနဲ့ ဆက်စီကျကျ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို သူမရဲ့ ဖေ့ဘုတ်စ်မှာ မျှဝေထားပါတယ်။

လူတောင်မှားသွားလောက်အောင် ချစ်စရာကောင်းလွန်းလို့ သူမရဲ့ ပရိသတ်တွေကတော့ အကြိုက်တွေ့လို့နေပါတယ်။

ဆက်စီကျစေတဲ့ ဂါဝန်ခရမ်းရောင်လေးကိုတော့ ဒီဇိုင်နာ စန္ဒီလင်းနိုင်က ဖန်တီးချုပ်လုပ်ပေးပြီး မိတ်ကပ်ပိုင်းကတော့ Jhonny june ၊Stylist ကတော့ ဝေမင်းကျော်ဦး ၊ ဓာတ်ပုံကတော့ Mr.Haw ရိုက်ကူးပုံဖော်ပေးထားတယ်လို့ သိရပါတယ်။

၀ါဆိုဟာ မကြာသေးမီရက်ပိုင်းက ချစ်သူဖြစ်တဲ့ ဖြိုးလေးရဲ့ မွေးနေ့အတွက်လည်း Surprise လုပ်ပေးခဲ့ပါသေးတယ်။

၀ါဆိုကို ချစ်တဲ့ ပရိသတ်တွေရှိလား။ 

သတင်းအရင်းမြစ် Warso Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။