မြန်မာလက်ရွေးစင်အသင်းနဲ့ အိန္ဒိယလက်ရွေးစင်အသင်းတို့ဟာ မတ်လ ၂၈ရက်နေ့(မနက်ဖြန်)၊ ညနေ ၆နာရီအချိန်မှာ သုဝဏ္ဏကွင်းကြီးမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ အဆိုပါ ပွဲကြီးအတွက် ပွဲကြိုစကားများကို နှစ်ဖက်အသင်း နည်းပြများနဲ့ ကစားသမားများက အောက်ပါအတိုင်း သုံးသပ်ပေးထားကြပါတယ်။

Gerd Zeise (နည်းပြချုပ်၊ မြန်မာလက်ရွေးစင် အသင်း)

======================

အိန္ဒိယ အသင်းက စာရွက်ပေါ်မှာ ကျွန်တော်တို့ ထက်ပိုကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း သူတို့ကို အနိုင်ရဖို့ ကောင်းကောင်းလုပ်နိုင်ပါတယ်။ ကမ္ဘော ဒီးယားနဲ့ ပွဲကိုလည်း ကြည့်ခဲ့ရပါတယ်။ အိန္ဒိယ အသင်းက တည်ကန်ဘောတွေ ကစားတာကောင်းပေမဲ့ သူတို့ကို တားဆီးဖို့ နည်းလည်းရှိပါတယ်။ အရေးကြီးတာ က အာရုံစူးစိုက်ပြီး ကစားဖို့လိုပါတယ်။ ပွဲတိုင်းကို ဗိုလ်လုပွဲလို ကစားသွားမှာပါ။

Gerd Zeise (နည်းပြချုပ်၊ မြန်မာလက်ရွေးစင် အသင်း)

ရန်အောင်ကျော် (အသင်းခေါင်းဆောင်၊ မြန်မာ့လက်ရွေးစင် အသင်း)

============================

ကျွန်တော်တို့ ကိုယ့်မြေမှာ အိန္ဒိယအသင်းကို မရှုံးဘူးသေးဘူး။ ကျွန်တော်တို့ အသင်းလိုက်ကစားပုံကလည်း အားရကျေနပ်စရာ ကောင်းတယ်။ ကျွန်တော်တို့ အသင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ခြေစစ်ပွဲကို အောင်မြင်အောင်ကစားပြီး ယူအေအီး ကိုုရောက်အောင်သွားမှာပါ။

ရန်အောင်ကျော် (အသင်းခေါင်းဆောင်၊ မြန်မာ့လက်ရွေးစင် အသင်း)

Stephen Constantine (နည်းပြချုပ်၊ အန္ဒိယ လက်ရွေးစင် အသင်း)

============================

မြန်မာအသင်းဟာ ပြင်းပြင်းထန်းထန်ကစားတတ်ပြီး အရမ်းကောင်းတဲ့ အသင်းတစ် သင်းပါ။ ဒီပွဲဟာ ကျွန်တော်တို့ အတွက် ခက်ခဲမယ့် ပြိုင်ပွဲတစ်ပွဲ ဖြစ်လာမယ်ဆို တာကို မျှော်လင့် ပြီးသားပါ။ မြန်မာအသင်းနဲ့ ပွဲဟာ အရမ်းအရေးကြီးတဲ့ ပွဲစဉ်တစ် ပွဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့လည်း အကောင်းဆုံး ပြင်ဆင်ထားပါတယ်။

Stephen Constantine (နည်းပြချုပ်၊ အန္ဒိယ လက်ရွေးစင် အသင်း)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။