မကြာခဏဖြစ်ပေါ်တက်တဲ့ ပြည်တွင်း မီးလောင်မှုသတင်းတွေကိုတတော့ အားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ မီးဘေးဒုက္ခကြောင့် သေဆုံးသူများစွာနှင့်အတူ ဘဝပျက်ခဲ့ရသူတွေလည်းများစွာဖြစ်ပေါ်ခဲ့တာအားလုံးအသိပဲဖြစ်မှာပါ။ ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့ ညပိုင်းမှာလည်း မန္တလေးတိုင်းဒေသကြီးအတွင်း ကြောက်စရာမီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။       

အဆိုပါ မီးလောင်မှုကတော့ မန္တလေးတိုင်းဒေသကြီး ၆၄လမ်း၊ မင်္ဂလာလမ်းထောင့်အနီးရှိ ကားဝပ်ရှော့မီးလောင်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ယင်းမီးလောင်မှုကတော့ ဒီကနေ့ နေ့လည် ၁၀ နာရီ ခွဲလောက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်ဌာနနှင့် ကယ်ဆယ်ရေးဌာနမှ တာဝန်ရှိသူများ သွားရောက်ခဲ့ကြကြောင်း သိရပါတယ်။  

ပြင်းထန်တဲ့ မီးလောင်မှုကြီးကြောင့် ပျက်ဆီးဆုံးရှုံးမှုများစွာရှိခဲ့ပြီး ပတ်ဝန်းကျင်အထိပ်တလန့်ဖြစ်စေခဲ့ကြောင်း သိရပါတယ်။ အဆိုပါမီးလောင်မှုကြောင့် ဆုံးရှုံးမှုပစ္စည်းများစွာရှိခဲ့ပေမယ့် လူသေဆုံးမှုမရှိကြောင်းသိရပါတယ်။ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ မန္တလေး ၆၄ လမ်းမီးလောင်မှု ဗီဒီယိုဖိုင်ကို ချစ်ပရိသတ်တွေအတွက် မျှဝပေးလိုက်ပါတယ်။

VIDE0 - U MYO AUNG 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။