နိုင်ငံတိုင်းမှာ တားမြစ်ထားတဲ့ အပင်တစ်မျိုးဖြစ်တဲ့ Marijuana လိုခေါ်တဲ့ ဆေးခြောက်ပင်က လူတွေကိုမူးယစ်စေနိုင်တဲ့ အပြင် စိတ်အနေအထားတွေကို ဖောက်လွဲဖောက်ပြန်ဖြစ်စေနိုင်တာကြောင့် တားမြစ်ထားတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဆေးခြောက်ပင်ရဲ့ အရွက်နဲ့ အပွင့်တွေကို ဆေးဝါးထုတ်လုပ်တဲ့ နေရာတွေမှာ အသုံးပြုကြပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အပင်တစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်။ ဆေးခြောက်ပင်မှာ ပါဝင်တဲ့ cannabinoids က အကိုက်အခဲတွေကို ပျောက်စေနိုင်တဲ့ အပြင် အာရုံကြောချို့ယွင်းတဲ့ ရောဂါတွေကိုလည်း ကုသပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိပါတယ်။ အများစုကတော့ စိတ်ကို အပန်းဖြေစေနိုင်ဖို့ အတွက် ဆေးခြောက်ကို အသုံးပြုကြတာများပြီး ကြာလာတဲ့ အခါ မသုံးမနေရအခြေအနေထိရောက်ရှိစေနိုင်တာကြောင့် နိုင်ငံတော်တော်များများမှာ တားမြစ်ထားခြင်းဖြစ်ပါတယ်။ ယနေ့ကတော့ ဆေးခြောက်က လူသားတွေရဲ့ ကျန်းမာရေးအတွက် အံ့မခန်းလောက်အောင် အစွမ်းတွေရှိတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။

- ဆေးခြောက်က အမြင်အာရုံကို ပိုမိုကောင်းမွန်စေတဲ့ အပြင် မျက်လုံးထဲကို သွေးစီးဆင်းမှုကိုလည်း လျော့ချပေးနိုင်တာကို တွေ့ရပါတယ်။

- ဆေးခြောက်က Multiple sclerosis (MS) လို့ခေါ်တဲ့ အာရုံကြောချို့ယွင်းတဲ့ ရောဂါတစ်မျိုးကိုထိရောက်စွာပျောက်ကင်းစေနိုင်တာကြောင့် ဆေးခြောက်ရွက်ကို အတိအကျသောက်သုံးမှီဝယ်မယ်ဆိုရင် Multiple sclerosis ရောဂါကိုလုံးဝ ပျောက်ကင်းသွားစေနိုင်ပါတယ်။

- နာတာရှည်အကိုက်အခဲ ဝေဒနာတွေကို ခံစားနေရတဲ့ သူတွေအတွက် ဆေးခြောက်ရှူရှိူက်ခြင်းက အကိုက်အခဲဝေဒနာတွေကိုထိရောက်စွာ ပျောက်ကင်းစေနိုင်ပါတယ်။

- ကင်ဆာရောဂါ ဝေဒနာရှင်တွေအတွက် ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အစားအစာချင်စိတ်လျော့နည်းစေတဲ့ စိတ်ကို ထိရောက်စွာ သက်သာပျောက်ကင်းစေနိုင်သလို ကင်ဆာဆဲလ် ပြန့်ပွားမှုနှုန်းကိုလည်း လျော့နည်းစေပါတယ်။

- ဆေးခြောက်က လေးဖက်နာ ဝေဒနာရှင်တွေအတွက်လည်း ထိရောက်တဲ့ အစွမ်းတွေကို ပေးနိုင်ပါတယ်။ လေးဖက်နာဝေဒနာရှင်တွေခံစားရတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာတွေကို ပျောက်ကင်းစေနိုင်တဲ့ အပြင် စားဝင်အိပ်ပျော်စေနိုင်ပါတယ်။

လူတိုင်းနီးပါး မကောင်းတဲ့ ဆေးရွက်အဖြစ်သိကြတဲ့ ဆေးခြောက် ကျန်းမာရေးအတွက် တကယ့်ကို အထောက်အကူဖြစ်စေနိုင်ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း တကယ်လိုအပ်မှသာ သုံးသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကောင်းတဲ့ နေရာအသုံးချနိုင်ဖို့ အတွက် ဗဟုဟုတအဖြစ် မျှဝေပေးလိုက်ပါတယ်။

Source:businessinsider.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။