ဇာတ်သဘင်အစည်းအရုံး ဥက္ကဠ ဖိုးချစ်ဟာ သူ့ရဲ့ ဇာတ်သဘင် အသိုင်းအဝိုင်းအပေါ် ရက်ရက်ရောရောနဲ့

လွန်စွာ ဖေးမစောင့်ရှောက်တတ်သူပါ ... ဇာတ်သဘင်ကိုချစ်တဲ့မင်းသားတစ်ယောက်ဆိုရင်လဲ မမှားပါဘူး ။

စိတ်သဘောထားပြည့်ဝတဲ့ မင်းသားတစ်လက်လဲ ဖြစ်ပါတယ် ။ သဘောကောင်းတဲ့ ကိုဖိုးချစ်ဟာ

ကောလင်းမှာဇာတ်ပွဲကနေတုန်း " ကိုဖိုးချစ် ကျွန်တော် ကပြချင်လို့ပါ " လို့ တောင်းဆိုတဲ့ ၀ါသနာရှင်ပရိတ်သတ်

တစ်ယောက်အတွက် သီချင်းဆိုပေးပြီး သူ့ဇာတ်စင်ပေါ်မှာကပြခွင့်ပြုခဲ့ပါတယ် ။ ထို၀ါသနာရှှင်လေးရဲ့ ကပြဖျော်ဖြေမှုဟာ

ဖိုးချစ်ကိုယ်တိုင်ပါ သီချင်းဆိုရင်းနဲ့ အံ့သြသွားရတဲ့ အထိကိုကောင်းမွန်တာပါ ။ ပရိတ်သတ်များကလဲ လက်ခုပ်သံ

တစ်ဖြောင်းဖြောင်းနဲ့ အားရပါးရ အားပေးခဲ့ကြပါတယ် ။ ၀ါသနာရှင်လေးရဲ့ အကဟာ ပြည့်စုံသပ်ရပ်လွန်းလို့

တော်ရုံမင်းသားတွေထက်တောင်သာပါတယ်လို့ ပရိတ်သတ်တွေက မှတ်ချက်ပြုခဲ့ပါတယ် ။

တကယ်ဟုတ်မဟုတ် အောက်ပါလင့်မှာ ဝင်ကြည့်လို့ရပါတယ်နော် ...

Source : Zaw Win Naing

သတင်းအရင်းမြစ် Video Clip ကြည့်ရန် ဒီကိုနှိပ်ပါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။