ပြင်သစ် အီလက်ထရောနစ် ကုမ္ပဏီArchos က စမတ်ဖုန်း၊ တက်ဘလက်၊ ဒရုန်းများအပြင် Scooter များကိုပါ ထုတ်လုပ်ရောင်းချပေးနေပါတယ်။ အခုတော့ သူက Android OS ထည့်ထားတဲ့ ကမ္ဘာ့ ပထမဆုံး Scooter ကိုမိတ်ဆက်လိုက်ပါတယ်။ သူ့ကိုCitee Connect လို့ အမည်ပေးထားပြီး သူ့မှာပါတဲ့ Dashboard ကနေ Multimedia များကို ကြည့်ရှုခံစားနိုင်ပါ တယ်။Handlebar အကြားမှာ ၅ လက်မအရွယ် စကရင် ထည့်ပေးထားပါတယ်။ Android Oreo နဲ့ 3G ကွန်ရက်ကိုထောက်ပံ့တဲ့အတွက် သူ့မှာ စမတ်ဖုန်းရဲ့ စွမ်းရည်များပါပါတယ်။ 

သူ့ကို Quad-Core Processor , 1GB RAM , 8GB Flash Memory များထည့်သွင်းပေးထားပါတယ်။ သူ့ကိုအကြမ်းခံအောင် ဖန်တီးထားပြီးတုန်ခါမှုနဲ့ ဆိုးရွားတဲ့ ရာသီဥတုများ ကိုခံနိုင်ရည် ရှိပါတယ်။သူ့မှာ 250W Motor နဲ့ 36W Battery များတပ်ဆင်ထားပြီးတစ်နာရီလျှင် ၂၂ ကနေ ၂၅ ကီလိုမီတာအထိမောင်းနှင်နိုင်ပါတယ်။၂၆ ပေါင် အလေးချိန် ရှိပြီးပေါင် ၂၂၀ အထိသယ်ဆောင်နိုင်ပါတယ်။သူ့ကိုအလူမီနီယမ်ဖြင့် တည်ဆောက်ထားပါတယ်။

စကရင်ကနေ Google Maps ကို ကြည့်နိုင်တာသေချာပေမယ့် အခြား ပြုလုပ်နိုင်မယ့် အရာများကိုကုမ္ပဏီကပြောကြားခြင်းမရှိသေးပါဘူး။ Archosရဲ့ အခြား Scooters များမှာလိုပဲတွဲဖက် သုံးရတဲ့ App ကနေ Scooter ကို Lock လုပ်ထားနိုင်မယ့်ပုံပေါ်ပါတယ်။ လာမယ့် နွေရာသီမှာ ၅၀၀ ယူရိုဖြင့် ရောင်းချမှာပါ။

Source : Mobile Guide Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။