တစ်ခါတစ်လေခြောက်လန့်ဖွယ်အကြောင်းအရာတွေကိုအခြေံခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားတွေဟာ အပြင်ကတစ်ကယ့်ဖြစ်ရပ်မှန်တွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။အခုတစ်ခါပြောပြပေးမှာကတော့ $95.4 million ဝင်ငွေရရှိခဲ့သည့် Clown attack ရုပ်ရှင်ဇာတ်ကားဟာ တစ်ကယ့်ဖြစ်ရပ်မှန်အကြောင်းကို အခြေံခံထားတာပဲ ဖြစ်ပါတယ်။ အရုပ် ကျောက်ပန်းရံ လုပ်သူ Ernest ထံကို လူငယ်လေး တစ်ဦးမှ လူရွင်တော် အရုပ် လေးတစ်ရုပ် လာပေး သွားပါတယ် အရုပ်လေး ရောက်ပြီးကတည်း က အိပ်မှာ ထူးထူးဆန်းဆန်း အသံတွေ ကြားခဲ့ ရ ပြီး နံရံ တွေကို ကုတ်ခြစ်သံကြားရပါတယ်။

ဒါနဲ့ သူလည်း အရုပ်ကို မသင်္ကာ ဖြစ်ကာ ကင်မရာများဖြင့် ချိန် ပြီး video ရိုက် ကူးရာ အရုပ်လေးရဲ့ လှုပ်ရှားမှုကို အမှတ်မထင် မြင်တွေ့ရပြီး အရုပ်လာပေးသူလူငယ်လေးကို လှမ်းဆက်သွယ်ပြီး " ကောင်လေးဒီအရုပ်နဲ့ ပါတ်သတ်ပြီး ဘာများထူးခြားတာ ရှိလဲ" ဟုမေးကြည့်ရာကောင်လေးက ပြောပါတယ် "It move's" အဲ့ဒါက လှုပ်တယ် လို့ပြောပါတယ်။ ဤအရုပ်လေး အား သေဆုံးပြီးသား ကလေးငယ်တစ်ဦးပူးကပ်နေတာ ဖြစ်နိုင်တယ်ဟု ယူဆပြီး on line shopping E bay ပေါ်တင် ပြီး အရုပ်လေးကို ရောင်း ရာမှ ဒီအရုပ်လေးနာမည် ကြီးပြီး သူ့ အကြောင်း ကို အခြေခံကာ Clown attack နံမည်ရှိတဲ့ ရုပ်ရှင်ကားဖြစ်လာပါတယ်။ 

ဒီအရုပ်လေးအကြောင်းကို လူမှုကွန်ယက်တွေပေါ်မှာလည်း နာမည်ကြီးခဲ့ပြီး ထိုအရုပ်ကလေးကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတွေလည်း ထွက်ရှိလာခဲ့ပါတယ်။ ကမ္ဘာကြီးပေါ်မှာ ယခုလိုသဘာဝလွန် ဖြစ်ရပ်များစွာရှိခဲ့ပြီး ယနေ့တိုင်မဖြေရှင်းနိုင်သေးတဲ့ ဖြစ်ရပ်တွေများစွာရှိပါတယ်။ ပရိသတ်ကြီးကိုလည်းနောက်ပိုင်းမှာ ယခုလိုထူးဆန်းတာတွေကိုတင်ပြပေးပါအုန်းမယ်နော်။

Source : သံစဉ်မိုးဇတ် (Once A Glance Page)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။