ခေတ်တွေ တဖြည်းဖြည်းပြောင်းလဲလာတာနှင့်အမျှ ပတ်ဝန်းကျင်တွေ ရာသီဥတုတွေက လဲ တစတစ ပြောင်းလဲ လာပါတယ်။ အားလပ်ရက်တွေတိုင်း အလည်သွားခဲ့ရတဲ့ ချောင်းသာက သင့် အသက်အန္တရာယ်ကို ပါထိခိုက်လာနိုင်တယ်ဆိုရင်ကော သင်သွားအုံးမှာလား?

ဟိုတလော က လူမှုကွန်ရက်မှာ တက်လာတဲ့ ကိစ္စတစ်ရပ်ကြောင့် ချောင်းသာသွားချင်တဲ့ သူတွေ အားလုံး တွန့်ဆုတ်ကုန်ပါတော့တယ်။ အဲ့ဒါကတော့ ချောင်းသာရဲ့ ကျောက်ဆောင်တွေ အောက်မှာ မြွေတွေ ရှိနေတယ်ဆိုတဲ့ အချက်ပါဘဲ။

သင်ဟာ မြွေ မကြောက်တက်ဘူးဆိုရင်တောင် ရေတက် လာတဲ့ အခါကြရင် ကျောက်ဆောင်အောက်က မြွေတွေ ပါ ထွက်လာ ကြတဲ့ အတွက် ကမ်းခြေ သဲသောင်ပြင်မှာရှိနေတဲ့ သူတွေ အတွက်ရော ရေထဲမှာ ဆော့ကစားနေတဲ့ သူတွေ အတွက် ပါ အလွန် အန္တရာယ် များပြီး အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ ကိစ္စတစ်ရပ်ပါ။

မြွေတစ်ကောင်တည်း မဟုတ်ဘဲ မြွေ အသိုက်လိုက်ပါ စုဝေးနေတဲ့ အတွက်ကြောင့်လဲ ဖြစ်ပါတယ်။ အကယ်၍အဲ့ဒီမြွေတွေ ကိုက်တာခံရမယ်ဆိုရင်တော့ မတွေးဝံ့ စရာပါဘဲ။ သက်ဆိုင်ရာအနေနှင့် ဒီကိစ္စကို တစ်ခုခု ပြုလုပ်သင့် ပြီလို့ထင်ပါတယ်။ သက်ဆိုင်ရာက တာဝန်ယူ မဆောင်ရွက်ခင် ချောင်းသားမှာ မြွေတွေ အများကြီးရှိတယ် ဆိုတဲ့ အချက်ကို လူတွေ သတိထားမိအောင် သူငယ်ချင်းတွေကို ပြောပြလိုက်ကြရအောင်....

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။