မြန်မာနိုင်ငံရဲ့ နာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ ခင်စန်းဝင်းတစ်ယောက် ပြည်သူ့ရင်ပြင်မှာ အသုပ်စုံ ရောင်းနေတယ်လို့ သိရပါတယ်။ မကြီးစန်းကတော့ Duwun Food Carnival 2017 မှာ " Celebrity အသုပ်စုံ" ဆိုတဲ့ နာမည်နဲ့ အသုပ်ရောင်းနေပြီး နာမည်ကြီးအနုပညာရှင်များစွာ လာရောက်အားပေးခဲ့ကြပါတယ်။

Kumudra ရဲ့ အင်တာဗျူးမှာတော့ မကြီးစန်းက ယခုလိုပဲ ဖြေဆိုထားတာတွေ့ရပါတယ်…

"မကြီးရောင်းတဲ့ Celebrity အသုပ်ရောင်းစေချင်တယ်ဆိုပြီး ဖိတ်လို့ ပါဝင်ကူညီဖြစ်တာပါ။ ခင်မင်ရင်းနှီးစွဲရှိတာရယ် ကိုယ်တိုင်လုပ်အားနဲ့ လုပ်လို့ရတဲ့ပိုက်ဆံကို လှူချင်တဲ့စိတ်ရယ် ပြီးတော့ မကြီးကို အပြင်မှာမြင်ဖူးချင်တဲ့ ပရိသတ်တွေလည်း ရှိတယ်။ မကြီးအသုပ်လက်ရာကို စားဖူးချင်တဲ့သူတွေလည်း ရှိတယ်။ အကုန်လုံးတွက် ရည်ရွယ်ပြီး စျေးရောင်းဖို့ ပါဝင်ဖြစ်တာပါ။ ရတဲ့ငွေတွေကို အခုပြုလုပ်တဲ့ အဖွဲ့အစည်းကို လှူမှာပါ။ အခြားပရဟိတ လိုအပ်တဲ့နေရာတွေကိုလည်း လှူဒါန်းသွားမယ်။ ဒီအသုပ်ရောင်းတဲ့ ငွေတွေကလည်း ပရိသတ်တွေလှူဒါန်းထားတဲ့ ငွေတွေပါ" သူမက ဆိုပါတယ်။

ပရိသတ်တွေသာမက အနုပညာရှင်တွေလည်း လာရောက်အားပေးခဲ့ကြပြီး တစ်ပွဲကို ၅၀၀၀ ကျပ်နဲ့ရောင်းချကာ အတော်လေးရောင်းရတယ်လို့ သိရပါတယ်။

Source: Kumudra

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။