မြန်မာ့လက်ဝှေ့လောကမှာ နေရာတစ်ခုအထိ ရယူနိုင်ခဲ့တဲ့ လက်ဝှေ့ဖိုက်တာရဲသွေးနီကိုတော့ လက်ဝှေ့ချစ်ပရိသတ်တွေ သိမယ်ထင်ပါတယ်။ လည်ပယ်တန်းပြိုင်ပွဲတွေမှာ အကောင်းဆုံးထိုးသတ်နိုင်ခဲ့ပြီး ပြည်တွင်း ပရိသတ်အခိုင်အမာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ရဲသွေးနီကတော့ ပြည်တွင်း လက်ဝှေ့ပြိုင်ပွဲများအပြင် ပြည်ပပြိုင်ပွဲများနှင့် One Championship များစွာကိုလည်း ထိုးသတ်ဖူးသူတစ်ယောက်ဖြစ်ပြီး နိုင်ပွဲများစွာနဲ့အတူ မြန်မာ့အလဲလွှင့်ထူထားနိုင်သူတစ်ယောက်လည်းဖြစ်ပါတယ်။   

အမိုက်စားလက်သီးချက်တွေနဲ့ ပြိုင်ဘက်ကစားသမားများစွာကို အလဲထိုးနိုင်ခဲ့ပြီး လည်ပယ်တန်းဝိတ်မှာ ထိပ်တန်းစာရင်းဝင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ရဲသွေးနီကတော့ ပြည်ပနိုင်ငံများစွာကို သွားရောက်ထိုးသတ်လေ့ရှိပြီး ဖေဖော်ဝါရီလ ၂၇ရက်နေ့က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာလည်း ပြိုင်ဘက်ဖိုက်တာ Sojun Katsura ကို လက်ရည်အသာစီးဖြင့် အနိုင်ယူခဲ့တာတွေ့ရပါတယ်။  

ရဲသွေးနီကတော့ မြန်မာ့လက်ဝှေ့လောကမှာ နာမည်ကြီး ဖိုက်တာတစ်ဦးဖြစ်ပေမယ့် သာမာန်အိမ်လေးတစ်လုံးသာ ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ မကြာသေးမီက ရဲသွေးနီရဲ့ နေအိမ်ပါ ဓာတ်ပုံလေးတစ်ခုကတော့ ပရိသတ်တွေကြားရေပန်းစားခဲ့ပြီး နိုင်ငံကျော်ဖိုက်တာတစ်ဦးရဲ့ လက်ရှိနေထိုင်မှုကတော့ ပြည်တွင်းပရိသတ်တွေကို စိတ်မကောင်းဖြစ်စေခဲ့တာအမှန်ပဲဖြစ်ပါတယ်။ ပရိသတ်တွေမသိရှိသေးတဲ့ ရဲသွေးနီရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - KYAW MYO THU

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။