Myanmar Idol Season2ရဲ့ Winner ကြီး သားငယ်ကတော့ ဆုတွေအများကြီးကို ရရှိသွားပြီဆိုတော့ သူ့ရဲ့ မွေးရပ်မြေခရီးကိုပြန်တော့မှာလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

ဒါပေမယ့် Myanmar Idol ခရီးစဉ်ကြီးကတော့ မပြီးဆုံးသေးဘူးလို့ လူမှုကွန်ရက်မှာ တင်ထားတာတွေ့ရပါတယ်။

ပရိသတ်အချစ်တော် ၊အနုပညာရှင်တွေရဲ့ အချစ်တော် ကြယ်ငါးပွင့်သဘောင်္ကြီး ၊အချစ်ဆုံးကြီးကတော့ လက်တလောမှာ သူ့ရဲ့ ဇာတိမြေဖြစ်တဲ့ မာန်အောင်ကျွန်း ကို သွားနေပါပြီ။

သားငယ်တစ်ယောက် သူ့ကို ရောက်ရာနေရာမှာ ဝမ်းပန်းတစ်သာနဲ့ လာရောက်နှုတ်ဆက်ကြလို့လည်း ပိတိတွေဖြစ်နေရပါတယ်။

ပိုပြီး ဝမ်းသာစရာကောင်းတာက သူ့ကို တောင်ကုတ်သူဌေးကြီး ဦးကျောက်တောင်မှ ဦးဆောင်ပြီး တောင်ကုတ် ကားဂိတ်မှာ ခရီးဦးကြိုဆိုခဲ့ပါတယ်။

သူဌေးကြီးက သူ့ရဲ့ ကိုယ်ပိုင်ဟော်တယ်မှာ အခမဲ့ကြိုက်သလို တည်းခိုနေခွင့်ပေးထားပြီး နံနက်စာကိုလည်း သားငယ်နဲ့အတူ ပျော်ပျော်ပါးပါးသုံးဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် သူဌေးကြီးရဲ့ စီစဉ်မှုကြောင့် မတ်လ(၃၀)ရက်နေ့မှာ တောင်ကုတ်မြို့မဘောလုံးကွင်းမှာ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး Free Show ကျင်းပပေးမှာဖြစ်တယ်လို့ သိရပါတယ်။

သားငယ်ကတော့ Winner ဆုတင်မကဘူး တစ်နိုင်ငံလုံးရဲ့ အချစ်တွေကိုပါ သိမ်းပိုက်သွားနိုင်ခဲ့တာပါ။ သူ့အတွက် ဂုဏ်ယူဝမ်းမြောက်တဲ့ ပရိသတ်တွေရှိလား ။ 

သတင်းအရင်းမြစ် Thar Nge

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။