အီဂျစ်ကျိမ်စာအီဂျစ်တွေဟာ လူသေတွေကို မံမီ လုပ် ဖာရို ဘုရင်တွေအတွက်ပိရမစ်တွေတည်ဆောက်ခဲ့ကြတာဟာလည်း လူတော်တော်များများ သိပြီးဖြစ်ပါတယ်။

ဒီလို မျိုး ဂူသင်္ချိုင်း တွေမှာရုပ်အလောင်း နှင့် တစ်ကွ အဖိုးတန် ရတနာရွှေငွေများကို မြုပ်နှံ ခဲ့ရာမှာ သူတို့ရဲ့တဖန် ပြန်လည်နိုး ထလိမ့်မည်ဟု ယူဆကြတဲ့ ရုပ်အလောင်းများကို သူခိုးတွေရန်မှ ကာကွယ်ဖို့ အလောင်းကောင်များ၏ ကိုယ် ခန္ဒာ မှာ သို့မဟုတ် အလောင်းကောင်များ၏အနီးနားမှာ ကျိန်စာကတော့ အမျိုးမျိုးရှိတက်ကြပါတယ်

၁။ ငါ၏ အုတ်ဂူဗိမ္မာန် ထဲသို့ ဝင်သူများသည် သေခြင်းတရား

နှင့် မဆိုင်းမတွကြုံရပါစေ

၂။ ငါ၏ခေါင်းတလားကိုဖွင့်သူသည် ဘေးရောဂါကပ်ဆိုး

ဖြင့်ကြုံရပါစေ။

၃။ ငါ၏နိုးထခြင်းကို နှောက်ယှက်သူများသည်

ရေကြီးခြင်းကပ် ရေမြင်းကဲ့သို့သောသတ္တဝါ များ

ကင်းမီးကောက် သတ္တဝါများဖြင့် ကြုံကြပါစေ။

အစရှိသောကျိမ်စာများကို ရေးသားထားခဲ့ကြပါသည်။

အဖိုးတန်ယဉ်ကျေးမှုအမွေအနှစ်ပေါင်းမြောက်များစွာရှိနေခဲ့တဲ့ အီဂျစ်နိုင်ငံဟာ နယ်ချဲ့တွေရဲ့ကိုလိုနီ အဖြစ်သိမ်းပိုက်ခံရတဲ့ အခါမှာတော့ နိုင်ငံပိုင် ယဉ်ကျေးမှုအမွေအနှစ်များကို နည်းမျိုးစုံဖြင့် တူးယူခြင်း ပိရမစ်တွေကို ဖေါက်ထွင်းခြင်း စတာတာတွေကိုကျူးလွန် ခံခဲ့ရခြင်းနှင့်အတူ အီဂျစ်တို့ရဲ့ ကျိမ်စာအမျိုးမျိုးကလည်း တစ်ဖန်ပြန်လည် အသက်ဝင်လာခဲ့ပါတော့တယ်။ကျိမ်စာသင့် သမိုင်း များစွာ ထဲကမှ Luxor မှာရှိတဲ့ အနောက်ဘက် သဲကုန်း ဘုရင့်ရွာ မှ ဘုရင် တူတန်ခမာန် (Tutankhamun) ဂူဗိမ္မာန် ကျိမ်စာဟာ ယနေ့ခေတ် အထိ လူသိများကျော်ကြားခဲ့ပါတယ်။ 

Source : Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။