ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာမြေကြီးဟာ နေ့စဉ်တိုးတက်လာတဲ့ လူဦးရေနဲ့အတူ အစားအစာငတ်မွတ်ခေါင်းပါး တဲ့ ဒဏ်ကိုပါခံစားနေကြရပါတယ်။ နိုင်ငံတော်တော်များများမှာ အဆိုပါဘေးကိုကြုံတွေ့ခံစားနေရတာတွေ့ရပါတယ်။ ဒီလိုဘေးဒုက္ခတွေကို ခံစားနေရတဲ့ နိုင်ငံတော်တော်များမှာ ဝမ်းနည်းအားငယ်မှုကို ဖြစ်စေတဲ့ပုံရိပ်တွေလည်းရှိခဲ့ပါတယ်။

ဒီတစ်ခါဖော်ပြပေးချင်တာကတော့ အစာရေစာငတ်မွတ်ခေါင်းပါးနေတဲ့နိုင်ငံတော်တော်များမှာ ဖြစ်ပျက်နေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ဒီလိုပုံရိပ်လေးတွေကို ကမ္ဘာလှည့် ဓာတ်ပုံရိုက်ကူးနေတဲ့သူတွေ၊ ပြည်တွင်း၊ပြည်ပ မီဒီယာတွေကနေ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေထဲက အချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ 

အဆိုပါဓာတ်ပုံတွေကိုကြည့်ပြီး အဓိကပေးချင်တဲ့ သင်ခန်းစာကတော့ မိမိတို့ စားသုံးနေတဲ့ အစားအသောက်တွေကို အလဟဿမဖြုန်းတီးမိဖို့အတွက် သတိပေးထားတဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။မိမိတို့ နေ့တိုင်းပိုလျှံလို့ လွှင့်ပစ်ခဲ့တဲ့ အစားအသောက်ဟာ တချို့သူတွေအတွက်တော့ ခက်ခက်ခဲခဲ တစ်ပါးသူစွန့်ပစ်ထားတဲ့နေရာတွေကနေ ရှာဖွေစားသောက်နေရတဲ့ အစားအသောက်တွေ ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာပိုလျှံနေတဲ့ အစားအသောက်တွေကို မလွှင့်ပစ်ပဲနဲ့ လိုအပ်နေတဲ့သူတွေကို ဝေမျှပေးလိုက်ကြပါနော်။ 

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။