နေရာများများ မှာတွေ့မြင်ရတဲ့ ချစ်စရာကောင်းတဲ့ ပန်းပွင့်လေးတွေဖြစ်တဲ့ Madagascar periwinkle လို့ခေါ်တဲ့ သင်္ဘောမညိုးပင်က ကျန်းမာရေးအတွက် အစွမ်းထက်တဲ့ ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပါတယ်။ အများစုကတော့ အလှစိုက်ကြပြီး ဆေးဖက်ဝင်မယ့်မသိကြပါဘူး။ ဒါကြောင့် သင်္ဘောမညိုးပင်က ပိုက်ဆံမကုန်ပဲ နဲ့ ဘယ်လိုရောဂါတွေကိုပျောက်ကင်းအောင် ကုသနိုင်တယ်ဆိုတာကို ဆေးနည်းလေးနဲ့ အတူ အပြည့်အစုံဖော်ပြပေးထားပါတယ်။

(၁) ဖျားနာခြင်း

အိမ်မှာ အပြင်းဖျားနေတဲ့ လူနာရှိတယ်ဆိုရင်တော့ ဆေးခန်းသွားစရာတောင်မလိုပါဘူး သင်္ဘောမညိုးပင်က အမြစ်နဲ့ အရွက်တွေကို ပြုတ်ပြီး ရလာတဲ့ ဆေးရည်ကို တစ်နေ့ နှစ်ကြိမ်သောက်သုံးပေးရုံနဲ့ ပျောက်ကင်းစေနိုင်ပါတယ်။

(၂) မီးလောင်ဒဏ်ရာ

ရေနွေးပူလောင်တဲ့ ဒဏ်ရာမျိုးတွေကို ကုသဖို့ အတွက် သင်္ဘောမညိုးပင် ကတကယ့်ကို အစွမ်းထက်ပါတယ်။ သင်္ဘောမညိုးပင် ရဲ့ အရွက် လက်တစ်ဆုပ်စာလောက်ကိုကြိတ်ခြေ ပြီး ထမင်းဖြူလေးရောပြီး အနာပေါ်မှာ အုပ်ပေးထားရပါမယ်။

(၃) သွေးအားနည်းရောဂါ

သွေးအားနည်းရောဂါကို ခံစားနေရတဲ့ သူတွေအတွက် ပန်းပွင့်အဖြူရောင်ကိုခူးပြီး ရေနဲ့ တစ်ညစိမ်ထားပြီး မနက်အိပ်ယာနိုးရင် ထိုရေကို သောက်လိုက်ပါ။ ဒါဆိုရင် ဆေးသောက်ဆေးထိုးစရာမလိုပဲ သွေးအားပြန်ကောင်းလာမှာပါ။

(၄) အစာအိမ်ရောင်ခြင်း

အစာအိမ်ရောင်တာကို ခံစားရပြီဆိုရင်တော့ အရွက် ကိုကြိုပြီး ရရှိလာတဲ့ ဆေးရည်ကို သကြားအနည်းငယ်နဲ့ ရောပြီး တစ်နေ့ (၂)ကြိမ်သောက်သုံးပေးရုံနဲ့ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

သင်္ဘောမညိုးပင် က နေရာတိုင်းလို့မှာ ရှိလို့ အလွယ်တကူ ရှာလို့ရတဲ့ အပြင် အိမ်မှာ စိုက်ထားရင်လည်း ပန်းခြံလေးလို့ လှနေလို့ နှစ်မျိုးအသုံးဝင်တဲ့ အပင်လေးဖြစ်တဲ့ အကြောင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source: webmd.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။