ပရိသတ်ချစ် ပြည်သူချစ် မင်းသားကြီး မြင့်မြတ်ကတော့ တလောကမှ ချစ်ရသူနဲ့လက်ထပ်ထားတာ ဖြစ်ပါတယ်။ လက်ထပ်ပွဲကို ရန်ကုန်တစ်ပွဲ မန္တလေးတစ်ပွဲ ကျင်းပခဲ့ပြီး အနုပညာရှင်တွေ ပရိသတ်တွေနဲ့အတူ တိုးမပေါက်အောင် စည်ကားခဲ့ပါတယ်။ ချစ်သူသက်တမ်း ငါးနှစ်အကျော်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး လက်ထပ်ပြီးလည်း အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။

မြင့္မြတ်ဟာ ကျင်းပပြီးစီးခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ အမျိုးသား ဇာတ်ဆောင်ဆုအတွက် ပရိသတ်က တခဲနက် တစ်ကြိုပေးခဲ့ကြပေမယ့် အကယ်ဒမီနဲ့ လွဲချော်ခဲ့ရပါတယ်။ မြင့်မြတ်ဟာ အကယ်ဒမီပေးပွဲသို့ တစ်ဦးတည်းတက်ရောက်လာတာဟာလည်း ပရိသတ်တွေအတွက် ပိုပြီး စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ အိမ်ထောင်သည် အနုပညာရှင်အများစုကတော့ အကယ်ဒမီပေးပွဲကို စုံတွဲတက်ရောက်လာခဲ့တာဖြစ်ပေမယ့် မြင့်မြတ်ကတော့ ပူပူနွေးနွေးဇနီးမယားလေးမပါပဲ တစ်ယောက်တည်း တက်ရောက်လာခဲ့ပါတယ်။

အထူးသဖြင့် အခုလို အချိန်မျိုးမှာ ဘေးမှာ ဇနီးလေးပါလာတော့ ပိုအားရှိတာပေါ့ ဆိုတဲ့ comment တွေလည်း တွေ့ခဲ့ရသလို "အကယ်ဒမီနဲ့လွဲခဲ့ရတဲ့ အတွက်စိတ်မကောင်းဘူးဗျာ" ဆိုတဲ့ comment တွေလည်း တွေ့ခဲ့ရပါတယ်။ လက်ထပ်ပွဲပြီးကတည်းက စုံတွဲပုံတွေတွေ့ရခြင်းမျိုးမရှိဘဲ မြင့်မြတ်ရဲ့ ရိုက်ကွင်းကဓာတ်ပုံတွေ အကယ်ဒမီဓာတ်ပုံတွေကိုသာ တွေ့နေရတဲ့အတွက် ပရိသတ်တွေကြား မြင့မြတ်တို့အိမ်ထောင်ရေးကို စိတ်ဝင်စားစရာဖြစ်နေပါတယ်။ ဒါပေမဲ့လည်း မြင့်မြတ်က facebook မသုံးတဲ့အတွက် ပုံတွေမတင်လည်း ဖြစ်နိုင်ပါတယ် ပရိသတ်ကြီးရေ…

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။