ပရိတ်သတ်ကြီးရေ... စုန်းတို့ ကဝေတို့ အောက်လမ်းတို့ကို ယုံကြည်ပါသလား? ဝါသနာကောပါလား? ပြောသာပြောရတာပါ။ ဒါကဝါသနာပါလို့ကောင်းတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ အဲ့လို အောက်လမ်း တွေနဲ့ပတ်သတ်ပြီးစိတ်ဝင်စားတဲ့သူဆိုရင်တော့ အောက်လမ်းမှာ သုံးတဲ့ အရမ်းလည်းရှားပါးပြီးထိရောက်တဲ့ ပစ္စည်းတွေကို ဝယ်ယူလို့ ရနိုင်တဲ့ ဈေးတန်းလေးကိုတော့ သိထားသင့်ပါတယ်။ ဒီဈေးတန်းကတော့ ဘိုလီဗီးယားနိုင်ငံ လာပါ့ဇ်မြို့စွန်မှာတည်ရှိပါတယ်။

ဒါ့ပေမယ့် ရောင်းသူ ဝယ်သူ ခရီးသွားတွေနဲ့ စည်စည်ကားကားကိုပဲဖြစ်နေခဲ့ပါတယ်နော်။ Mercado de las Brujas လို့ခေါ်တဲ့ဒီဈေးတန်းလေးမှာဆိုရင်တော့ အခြောက်လှမ်းထားတဲ့ဖားသေတွေ ကုလားအုတ် သန္ဓေသားတွေ ဇီးကွက် အမွှေးတွေကို ဝယ်ယူရရှိနိုင်ပါတယ်။ ကုလားအုတ် သန္ဓေသားကတော့ အရောင်းရဆုံးဖြစ်ပြီးတော့ စာမေးပွဲနီးလာတဲ့အချိန်ကျရင်တော့ စာကြိုးစားတဲ့ကျောင်းသားတွေဟာ ယုံကြည်ချက်ရှိရှိနဲ့စာမေးပွဲကျမှာစိုးရိမ်တဲ့အတွက် နေပုံစံရုပ်ထုတွေနဲ့ ဇီးကွက်ပုံစံရုပ်ထုတွေကို ရွေးဝယ်ကြသတဲ့။

အရုပ်တွေ ဘာတွေကိုဝယ်တာရောင်းတာ ပြဿနာမဟုတ်ပေမယ့် ရှားပါးတိရိစ္ဆာန်တွေရဲ့ အစိတ်အပိုင်း တွေပါ ဈေးကွက်ထဲရောင်းဝယ်ဖောက်ကားနေတာကြောင့် တိရိစ္ဆာန်အချို့ကို ဥပဒေထုတ်ပြီး ကာကွယ်ပေးခဲ့ရတဲ့အထိပါပဲ။ ဒါကြောင့် အချို့တိရစ္ဆာန်တွေကို လွယ်လွယ်နဲ့ဝယ်ယူလို့ မရတော့ပေမယ့် မှောင်ခိုရောင်းဝယ်နေကြဆဲပါ။ အောက်လမ်းပညာအတွက်ဆိုရင် နည်းနည်းလေးသုံးရုံနဲ့ ထိရောက်နိုင်မယ့် အောက်လမ်းပစ္စည်းတွေကိုလည်း ဝယ်ယူရရှိနိုင်တဲ့အတွက် လာရောက်လေ့လာသူတွေတောင်ရှိနေခဲ့ပြီး ခရီးသွားတွေနဲ့ နှစ်စဉ် စည်ကားလျက်ရှိပါတယ်နော်။ ဒီဈေးတန်းဖွင့်တဲ့ အချိန်ကတော့ မနက်၉နာရီကနေ ည ၇နာရီထိတော့ဖွင့်တယ်လို့ဆိုထားပါတယ်။ ပုံမှာပြထားတဲ့ ပစ္စည်းတွေကလည်း သူအစွမ်းနဲ့သူရှိတာမို့ ဈေးတော့ တော်တော်လေးပေးမှရမှာပါနော်။

Source : Dailymail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။