သမီးလေးဖူးဖူး Billy La Min Aye အစချီပြီး ဆရာဥက္ကာဦးသာကနေ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးသားပေးခဲ့ပါတယ်။

" သမီးလေး ဖူးဖူးBilly La Min Aye...

Myanmar idol season 2 ရဲ့ Grand final ပွဲကြီးမှာ သမီး ရဲ့ သီဆို ယှဉ်ပြိုင် ခဲ့တဲ့ စိတ်ဓာတ် စွမ်းရည် ပညာပါရမီ ဓာတ်ခံ နာခံတတ်မှု နဲ့ လေးစားလိုက်နာမှု များအတွက် အရင်ဆုံး ဂုဏ်ပြု ချီးကျူးစကား လေးပြောချင်ပါတယ်။

"သမီး အရမ်းတော်ပါတယ်။

တစ်ယောက်ထည်း အေးအေးဆေးဆေး နေတတ်မှု , ရောရောနှောနော မနေတတ်မှု ,ဟန်မလုပ်တတ်မှု, စကားများများမပြောတတ်တာ တွေကြောင့် မနာလို ဝေဖန် တိုက်ခိုက် ခံရခြင်း များစွာ ခံရတဲ့ ပြိုင်ပွဲဝင် SS1 +2 ၂၁ ယောက်ထဲက တဦးထဲသော သမီး လေးပါ၊ မနှစ်က လဲ Sophia Everest Aurora ကို ဝေဖန် ပုတ်ခတ်မှုတွေ ရှိခဲ့ပေမယ့် ဒီနှစ် ထက်စာရင် မပြောပလောက်ခဲ့ပါဘူး။

အသက် ၂ဝကျော်,ဝါသနာ အရင်းခံ, မိသားစုအတွက် အထောက်အပံ့ ကောင်းတခု ဖြစ်စေချင်တဲ့ စေတနာအရင်းခံ ပြီး မျော်လင့်ချက်ကောင်း နဲ့ တနယ်ကျေးက လာရောက်ယှဉ်ပြိုင်တဲ့ သမီး, တူမ, မြေးမ အရွယ် ရိုးသားတဲ့ကလေး တစ်ယောက် ကို ကိုယ်ချင်းမစာမနာ ပြောကြတဲ့အတွက်လည်း သမီးကိုယ်စား များစွာစိတ်မကောင်းဖြစ်ရပါတယ်။

ကိုယ်ကိုတိုင်လည်း အရင်၉နှစ်က ဒီလို ဖြစ်ပျက်ဖူးတဲ့ အဖြစ်အပျက်မျိုး ကြုံခဲ့ဖူးတာလေး ရှိတော့ သမီးလဲ အတွေ့အကြုံရော ပြုပြင်စရာရှိတာရော ပြုပြင်ဖို့ knowledge လေး ရအောင်ပြောပြချင်ပါတယ်။ Lazy club ဆိုတဲ့ သူငယ်ချင်းတွေ အပျော်ဖွဲ့စည်းထားတဲ့ တီးဝိုင်းမှာ ဦးဆောင်ခဲ့ပြီး ၁၅နှစ်တိုင် အောင်မြင်မှုတွေရ လာပြီးတဲ့နောက်ပိုင်း သမီးလိုပဲ အနေအေးပြီး အများနဲ့ ဆက်ဆံမှု အားနည်း, တသီးတသန့် နေတတ်, မျက်နှာအပြုံးအရယ်မရှိ , စကားများများမပြောတတ်, ပြန်ဖြေရှင်းလေ့မရှိ , ကိုယ်လုပ်ချင်တဲ့ goal ကိုပဲ ရအောင် ဖြစ်အောင်လုပ်တတ်တဲ့ အကို့ အနေနဲ့ အများနဲ့ တယောက်ဖြစ်လာခဲ့ ရပါတယ်၊ အဲ့ဒီ အချိန်မှာ ကိုယ်ဘယ်လောက်မှန်ခဲ့ပေမယ့် ကိုယ့်ဖက်ကရပ်တည်ခဲ့သူ မိတ်ဆွေရင်း အနည်းအကျဉ်း သာရှိခဲ့ပါတယ်။ ပြန်လည်းမဖြေရှင်းတတ်တဲ့ အကျင့်လည်းရှိတော့ အဖြစ်မှန်ကိုလည်း အများမသိခဲ့ ရပဲ အရှုံးနဲ့ပဲရင်ဆိုင်ခဲ့ရပါတယ်။

အဲ့ဒီလို အချိန်မျိုးမှာ တွန်းအား ခွန်အားတွေ ပိုပြီး ထွက်ပေါ်လာတတ်ပြီး အောင်မြင်မှု အသစ်တွေ ထပ်ရလာတတ်ပါတယ်။Plus three တီးဝိုင်းကို ထပ်မံတည်ထောင်ပြီး ဒီနေ့ထိ အောင်မြင်တဲ့ နိုင်ငံကျော် များရဲ့ concert တွေ တီးခတ်နေဆဲဖြစ်ပါတယ်။ ဒါသမီးသိရအောင် အကျဉ်းချုံးပြောပြတာပါ၊

မနှစ်က အတိုက်အခိုက်ခံရတဲ့ သမီး sophia ဆိုရင်လည်း ဒီနေ့ဒီအချိန်မှာ ပရိတ်သတ်များ အနုပညာရှင်များ အသိအမှတ်ပြုခံရတဲ့ artist တယောက်ဖြစ်နေပါပြီ။

ဒီလိုပဲ အဖြစ်အပျက်တွေကြားက သင်္ခန်းစာယူ ပြုပြင်သင့်တာပြုပြင်ပြီး ပိုမိုကောင်းမွန်တဲ့ အဆင့်ကို တက်လှမ်းရမှာဖြစ်ပါတယ်၊အဓိက ကတော့ စိတ်ဓာတ်မကျဖို့ပါပဲ။

သမီးကို ဝေဖန်ပုတ်ခတ်တဲ့ သူတွေရှိနေသလို ချစ်နေကျတဲ့ သူတွေ အားပေးနေကျတဲ့ သူတွေလည်းအများကြီးပါ၊ အကောင်းအဆိုး အမြဲ ဒွန်တွဲ နေတတ်တဲ့ လောကကြီးမှာ ကိုယ်လုပ်နိုင်တာကို အမြဲကြိုးစား အကောင်းဆုံးလုပ်နေဖို့ပါပဲ။

ဒီ grand final ပွဲမှာ အရာရာကို ကြံ့ကြံ့ခံပြီး သမီးရဲ့ အကောင်းဆုံး ကြိုးစားမှု ပင်ကိုယ်ပါရမီ တွေကို ချစ်တဲ့ပရိတ်သတ်တွေ လည်းသိမြင်ပြီး ဖြစ်သွားသလို အကိုတို့ လိုချင်တဲ့ အတိုင်းအတာ တခုထိ သမီးလုပ်နိုင်ခဲ့တဲ့ အတွက်လည်း အများကြီး ဂုဏ်ယူပါတယ်၊first runner up ဆိုတဲ့ အဆင့်နဲ့ ထိုက်တန်တဲ့သူ ဆိုတာသက်သေပြလိုက်တာပါပဲ။

အကိုတတ်တဲ့ ပညာ အတွေ့အကြုံ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှု တွေနဲ့ သမီးကို လိုတဲ့နေရာမှာ ကူညီပံပိုးပေးဖို့ အဆင်သင့် အမြဲရှိနေပါတယ် လို့လဲပြောပါရစေ။

အောင်မြင်တဲ့ နိုင်ငံကျော် artist တယောက်ဖြစ်ရမယ် လို့ ယူံကြည်ဆန္ဒပြုရင်း....

သမီးခေါ်တဲ့ ဆရာဥက္ကာ "

Source : Okka Oo Tha Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။