Sexy Model တစ်ဦးဖြစ်သလို ပညာရေးဘက်မှာလည်း တော်တဲ့ အကိတ်မော်ဒယ် ဇွန်သင်ဇာကတော့ မြန်မာပြည်က ပုရိသတွေ အသည်းစွဲဖြစ်လို့နေပါပြီ။

အခုလို အဖော်အချွတ်အဝတ်အစားတွေနဲ့ ဓာတ်ပုံရိုက် ၊မော်ဒယ်လုပ်နေရတဲ့သူအတွက် ချစ်သူ ရော ရှိပါ့မလားလို့ သိချင်သူတွေလည်း ရှိမှာပါ။

ဇွန်ကြီးဟာ သူမရဲ့ ၀ါသနာ အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ ပတ်သက်ပြီးတော့ သူမရဲ့ ချစ်သူက နားလည်မှုအပြည့်ပေးထားတယ်လို့ အင်တာဗျုးတစ်ခုမှာ ဖြေဖူးခဲ့ပါတယ်။

မတ်လ(၂၅)ရက်နေ့က မြစ်ကြီးနားရှိုးတစ်ခုကို သွားနေတဲ့ ကားပေါ်မှာ ဇွန်ကြီးနဲ့ ဘေးချင်းကပ်တွဲရိုက်ထားတဲ့ အမျိုးသားတစ်ဦးရဲ့ပုံကို ဖေ့ဘုတ်စ်မှာ တွေ့ရပါတယ်။

အဲ့ဒီပုံမှာ ဇွန်ကြီးကို အဲ့ဒီအမျိုးသားက Baby Buu လို့ ချစ်စရာနိုးခေါ်ထားတာကိုလည်း တွေ့ရပါတယ်။ ဒါဆိုရင်တော့ ဇွန်ကြီးရဲ့ချစ်သူက သူပဲဆိုတာ ပရိသတ်တွေသိလောက်ပါပြီ။

အမျိုးသားပရိသတ်တွေအသည်းစွဲ ဇွန်ကြီး တစ်ယောက် ချစ်သူရဲ့ သဲသဲလှုပ်လှုပ်အချစ်တွေကိုလည်း ရရှိထားတဲ့ပုံပါပဲ။

ဇွန်ကြီးဟာ အခုလို sexy modelအဖြစ် ၀ါသနာပါရာ မော်ဒယ်လုပ်နေပေမယ့် သမ္မတ ဦးသိန်းစိန်လက်ထက်က ချီးမြှင့်တဲ့ ပညာသင်ဆုကို ရရှိခဲ့သူလေးဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Zun Thinzar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။