ပရိသတ်ကြီးရေ ယခုလို အေးချမ်းတဲ့ ဆောင်းရာသီ မနက်ခင်းစောစောမှာ လူတိုင်းငြင်းဆန်ဖွယ်အရာတစ်ခုကို ဂျပန်လူမျိုးတွေက ပြုလုပ်ခဲ့ပါတယ်။ မနက်ခင်းစောစောစီးစီးမှာ ရေအေးလို့ တော်ရုံလူတွေက မချိုးရဲကြပေမယ့် ဂျပန်နိုင်ငံတိုကျိုမြို့မှာတော့ ရေခဲရေချိုးပွဲကိုတောင် ကျင်းပခဲ့ပါတယ်။  

အဆိုပါ ရေခဲရေချိုးပွဲတော်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဇန်နဝါရီလ ၁၄ရက်နေ့ ကျင်းပခဲ့ပါတယ်။ ထိုပွဲတော်ကို စိတ်င်စားသူ ဂျပန်အမျိုးသားများလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပါဝင်ယှဉ်ပြိုင်ရတဲ့ ပုံစံကတော့ ယှဉ်ပြိုင်သူအမျိုးသားများဟာ ရေခဲရေထည့်ထားတဲ့ ကန်ငယ်အတွင်းမှာ လန်ကွတ်တီကို ဝတ်ဆင်ပြီး ဝင်ရောက်ရေစိမ်ကြတာပဲ ဖြစ်ပါတယ်။ 

ထိုကဲ့သို့ ရေခဲရေချိုးပွဲတော်ကို ကျင်းပရခြင်း အကြောင်းရင်းမှာ နှစ်သစ်တစ်နှစ်တာလုံးကို ကိုယ်ရောစိတ်ပါ သန့်ရှင်းစင်ကြယ်စေဖို့ အတွက် ရေခဲရေဖြင့် ရေလောင်းချိုးကြတာ ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါပွဲတော်ကို ပါဝင်ဆင်နွှဲသူ ရာပေါင်းများစွာရှိတယ်လို့လည်း သိရပါတယ်။ ပရိသတ်ကြီးရော ဒီလို ရေခဲရေချိုးပွဲတော်ကို ပါဝင်ဆင်နွှဲချင်ကြားလားဗျ။ 

Source : Original Uploader 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။