မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးဟုယူဆရသော ရင်စို့လုံးပတ် ၃ဝ ပေ ၁ဝ လက်မရှိ ကျွန်းပင်ကြီးအား စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ် မုတ်ဝကြိုးဝိုင်း၌ မြို့နယ် သစ်တောဦးစီးဌာနက စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

အဆိုပါ ကျွန်းပင်ကြီးအား သဘာဝအမွေအနှစ်များ ပျက်စီးပျောက်ကွယ်မည်ကို စိုးရိမ်မှုဖြင့် အမြန်ဆုံးထိန်းသိမ်းပေးစေလိုသောဆန္ဒဖြင့်Myat Thein Htun account ပိုင်ရှင်၏ ဖေ့စ်ဘွတ်မျက်နှာပေါ်မှ ဖော်ပြချက်အရ မြို့နယ် သစ်တောဦးစီးဌာနက သွားရောက်စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

တိုင်းဒေသကြီး ဗန်းမောက်မြို့နယ်ရှိရင်စို့လုံးပတ် ၂၆ ပေ ၄ လက်မ ကျွန်းပင်ကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိရင်စို့လုံးပတ် ၂၅ ပေ ၄ လက်မ ကျွန်းပင်ကြီးပြီးလျှင် ကောလင်းမြို့နယ်ရှိ ကျွန်းပင်ကြီးမှာ မြန်မာနိုင်ငံ၏တတိယအကြီးဆုံးဟု ယူဆရ ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ယင်းကျွန်းပင်ကြီးကို အစဉ်အဆက် ထိန်းသိမ်းစောင့် ရှောက်လာခဲ့ သည့် ဒေသခံများ၏ သဘာဝအမွေအနှစ်အား ရေရှည်တည်တံ့စေလိုသောဆန္ဒကိုအလေးထားပြီး တိုင်းဒေသ ကြီးသစ်တော ဦးစီးဌာနက ယင်းကျွန်းပင်ကြီးကို စနစ်တကျ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(အင်းတော်)

Credit - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။