ချစ်ပရိတ်သတ်ကြီးရေ... ကမ္ဘာပေါ်မှာ လူတွေထက်ကြီးတဲ့သတ္တဝါတွေရှိတယ်ဆိုတာ အားလုံးသိပြီးသားပါပဲနော်။ ဒါပေမယ့် ကိုယ်မြင်နေရတဲ့ ကိုယ်ထက်သေးတဲ့သတ္တဝါလေးတွေဟာ ကိုယ့်ထက်အဆမတန်ကြီးနေတာတွေကို အပြင်မှာမြင်လိုက်ရရင် ပရိတ်သတ်ကြီးတို့ ဘယ်လိုနေကြမလဲ? အန္တရာယ်ပေးမယ်ဆိုရင်တော့ အားလုံးပဲတက်ညီလက်ညီနဲ့ သတ္တိရှိရှိ ထွက်ပြေးကြမယ်ဆိုတာသေချာပါတယ်နော်။ ဒီတစ်ခုကလည်း ပရိတ်သတ်တွေအပြင်မှာအကောင်သေးသေးလေးလို့ထင်ရတဲ့ တီကောင်လိုသတ္တဝါမျိုးတွေထဲမှာမှ အကြီးမားဆုံးဖြစ်တဲ့တီကောင်မျိုးစိတ်အကြောင်းကိုပြောပြမှာပါ။

ဒီတီကောင်ကြီးကို တော့ isländische နိုင်ငံက ရေခဲကန်ကြီး(အင်းကြီး)ထဲမှာတွေ့ရှိခဲ့ရတာပါ။ ပထမတော့ ခနခနတွေ့တွေ့နေကြတဲ့ အတွက် အနီးနားလူတွေနဲ့ ရေလုပ်သားတွေကတော့ ကြီးမားတဲ့ မြွေကြီးတစ်ကောင်လို့သာထင်ထားခဲ့ကြပါတယ်။ ပြီးတော့လည်း ဘယ်သူမှသက်သေမပြနိုင်ပဲ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ ကောလဟလတွေပျံ့ခဲ့ရတဲ့အတွက် အင်းသူကြီး ကိုယ်တိုင်က ဒီအကောင်ကြီးကိုရှာဖွေဖို့ ကြိုးစားခဲ့ကြပါတယ်။ရှာတော့လည်း တွေ့တာပေါ့ ။တွေ့တဲ့အခါမှာတော့ အထင်နဲ့အမြင်တက်တက်စင်အောင်လွဲပြီး မြွေတစ်ကောင်မဟုတ်ဘဲ ရှားပါး ဧရာမတီကောင်ကြီးတစ်ကောင်ဖြစ်နေခဲ့ပါတယ်နော်။

ဒီတီကောင်ကြီးဟာ ရှာဖွေတဲ့လူတွေ တကူးတကတောင်လိုက်ရှာစရာမလိုဘဲ ရေခဲဖက်တွေကြားထဲမှာ သာသာယာယာပဲ ကူးခပ်လာနေခဲ့ပါတယ်။ ဟိုးအမြင့်ကနေရိုက်တာတောင် လူတွေ ရေခဲစိုင်တွေက သေးသေးလေးသာကျန်ခဲ့ပြီးတော့ ဒီ တီကောင်ကြီးကတော့ အထင်းသားရေပေါ်မှာပေါ်နေခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်ဟာလည်း လူမှုစာမျက်နှာပေါ်မှာအရမ်းကိုရေပန်းစားခဲ့ပြီး နိုင်ငံတိုင်းကိုလည်းပျံ့နှံ့သွားနေခဲ့ပါတယ်နော်။ ဟိုးတစ်ချိန်တုန်းက ဒီလို တီကောင်မျိုးစိတ်ကြီးတွေရှိခဲ့တာမှန်ပေမယ့် မျိုးသုန်းပျောက်ကွယ်ခဲ့တာကြာပြီလို့သိရပါတယ်။ ဒါပေမယ့်ဒီတစ်ကောင်ကတော့ အဲ့ဒီမျိုးစိတ်ရဲ့လက်ကျန်လား?ဒါမှမဟုတ် ဒီတစ်ကောင်တည်းကျန်သေးတာကောဟုတ်ရဲ့လား? ဆိုတာ ပရိတ်သတ်ကြီးလည်းဖြေပေးသွားကြပါအုန်းနော်။

Source : welt.de

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။