Illusion Entertainment ကနေ မွေးထုတ်ပေးလိုက်တဲ့ Kpopမိန်းကလေးအဖွဲ့ဖြစ်တဲ့ HighTeen ကနေ ပလတ်စတစ်ဆာဂျရီ မလုပ်ထားဘူးဆိုတဲ့အကြောင်း သတင်းထွက်လာပါတယ်။ အဖွဲ့ဝင်တွေကိုမိတ်ဆက်ပေးခဲ့တဲ့ ၂၄စက္ကန့်ကြာ Videoမှာ အဖွဲ့ဝင်တွေကနေ ပလတ်စတစ်ဆာဂျရီ မလုပ်ထားဘူးလို့ ဂုဏ်ယူစွာပြောကြားခဲ့ပြီး နောင်အနာဂတ်မှာလဲ အနည်းငယ်တောင် ပြုပြင်သွားဖို့ စိတ်ကူးမရှိဘူးလို့သိရပါတယ်။ 

ကျွန်မတို့ အေဂျင်စီကနေပြီး ကျွန်မတို့အကုန်လုံးကို အဖွဲ့တစ်ဖွဲ့ခွဲပေးခဲ့တာပါ။ ဒီလိုပင်ကိုအလှကြောင့်လဲ ကျွန်မတို့ ဂုဏ်ယူမိတယ်။ အမှန်အတိုင်းပြောရမယ်ဆို ကျွန်မတို့ရဲ့ချို့ယွင်းချက်ဖြစ်မယ်လို့ အစိတ်အပိုင်းတစ်ခုခုမှာ ထောက်ပြမခံရမချင်း ကျွန်မတို့ ပလတ်စတင်ဆာဂျရီလုပ်ဖို့ စိတ်ကူးမရှိပါဘူးလို့ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

HighTeenရဲ့ ပထမဆုံး albumဟာ အောက်တိုဘာလ ၁၄ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။

Source : nextshark

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။