သရုပ်ဆောင် မေပန်းချီရဲ ့မွန်မြတ်တဲ့ အလှူ

ပရိသတ်တွေဟာ အနုပညာရှင်တွေကို သူတို ့ရဲ ့စံပြအနေနဲ ့သတ်မှတ်တတ်ကြပါတယ် ။

မိမိတို ့နှစ်သက်အားပေးတဲ့ သရုပ်ဆောင်တွေရဲ ့အနုပညာလှုပ်ရှားမှုတွေအပြင် တကယ့်လူနေမှုဘဝကိုလည်း စိတ်ဝင်စားကြလေ့ရှိပါတယ် ။

အခုဆို သရုပ်ဆောင် မေပန်းချီဟာ သူမရဲ ့ မွန်မြတ််လှတဲ့ သွေးလှူဒါန်းမှုကို ပြုလုပ်ခဲ့ပြီဖြစ်ပါတယ် ။

ဒီအကြောင်းကို မေပန်းချီက သူမရဲ ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလိုမျိုးရေးသားထားပါတယ် ။

“ကလေးတစ်ယောက်အရေးပေါ်သွေးလိုအပ်နေတယ်ဆိုလို့

ကလေးဆေးရုံကြီးကို အမြန်ပြေးလာပြီးလာရောက်လှူဒါန်းခဲ့ပါသည်။

ကလေးရဲ့ရောဂါက လူကီးမီးယားလိုဖြစ်နေပြီးကျောက်ကပ်လဲဖြစ်နေတယ် ။ မိဘတွေက ပဲခူးတိုင်း လက်ပံတန်းကနေတစ်နာရီလောက်သွားရတဲ့ရွာကပါ။

မိဘတွေကဆင်းရဲပြီးမရှိနွမ်းပါးသူများဖြစ်ပါတယ်။ အုတ်ကွင်းမှာအလုပ်လုပ်တယ်လို့ပြောပါတယ်။ ပန်းချီလဲတက်နိင်သလောက်လှုဒါန်းခဲ့ပါတယ်။

ပါဝင်လှုဒါန်းချင်သူများလဲဆက်သွယ်လှုဒါန်းနိုင်ပါတယ်ရှင်” လို ့မေပန်းချီက ဆိုပါတယ်။

ပရိသတ်ကြီးလည်း မေပန်းချီရဲ ့သွေးလှူဒါန်းမှုကြောင့် ဝမ်းသာကြည်နူးမိကြမှာပါနော်။

Source: မေပန်းချီ   

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။