ယခုခေတ်မှာဆိုရင် အသည်းအဆီဖုံးခြင်း အသည်းခြောက်ခြင်း စတဲ့ အသည်းနဲ့ပတ်သတ်တဲ့ ရောဂါတွေကို လူအများခံစားလာကြရပါတယ်။ တကယ်ကို ကြောက်စရာကောင်းတဲ့ အသည်းရောဂါတွေက အသင့်စား အစားအသောက်တွေကြောင့် ဖြစ်ပေါ်လာရပြီး ကုသမှုနည်းလမ်းကောင်းမရှိရင်တော့ အသက်ကိုယ်ပါ သေဆုံးနိုင်တဲ့ ရောဂါတွေထဲမှာပါပါတယ်။ ဒါကြောင့် အသည်းရောဂါကို အမြန်ဆုံးကုသနိုင်ပြီး မဖြစ်ပွားအောင်လည်း ကြိုတင်ကာကွယ်လို့ ရတဲ့ ဆေနည်းတစ်မျိုးကို ဖော်ပြပေးထားပါတယ်။

ယခုနည်းလေးကတော့ ဆေးနည်းဆိုလည်း ပြောလို့ရသလို အသည်းကျန်းမာရေးအတွက် သင့်တော်တဲ့ လက်ဖက်ရည်တစ်ခွက်လို့လည်း ပြောလို့ရပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ မန်ကျည်းရွက် ၂၅ ရွက်နဲ့ ရေ ၁ လီတာပဲ လိုအပ်ပါတယ်။

ပြုလုပ်ပုံ

- မန်ကျည်းရွက် တွေကို ရေသေချာ ဆေးပြီး အိုးတစ်လုံးထဲထည့်လိုက်ပါ။

- ပြီးရင်တော့ ရေ ထည့်ပြီး ဆူလာသိထိ ထားပေးရပါမယ်။ ဆူလာရင်တော့ အိုးကို ချပြီး ခပ်နွေးနွေးအနေအထားထိ အအေးခံပြီး သောက်သုံးလို့ရပါပြီ။

- ဒါ့ပြင် အရသာပိုရှိအောင် ပျားရည် ဒါမှမဟုတ် သကြားအညို တို့ကို ရောပြီး သောက်သုံးလို့ရပါတယ်။

အဆိုပါ မန်ကျည်းလက်ဖက်ရည်ကို မနက် ည တစ်နေ့ နှစ်ကြိမ်သောက်သုံးပေးပါက အသည်းကို နောင်နှစ်များစွာတိုင်အောင် နုပျိုလန်းဆန်းနေစေမှာပါ။ ဒါကြောင့် အသည်းဝေဒနာရှင်တွေ အတွက် အရမ်းကောင်းတဲ့ ဆေးတစ်ခွက်ကိုပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

Source:မြန်မာ့ဆေးမြီးတို မှတ်စု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။