ကျောင်းသားကျောင်းသူတွေ ၊ တက္ကသိုလ်ဝင်စာမေးပွဲတွေလည်း ပြီးပြီဆိုတော့ နွေရာသီပိတ်ရက်မှာ မိသားစုလိုက် အပန်းဖြေခရီးထွက်တဲ့သူတွေ များလို့နေပါတယ်။

ငွေဆောင်ကမ်းခြေ နဲ့ ချောင်းသာ လို နေရာတွေကတော့ လူအစည်အကားဆုံး ၊ အသွားအများဆုံးနေရာတွေဖြစ်နေဆဲပါ။

မနေ့က မတ်လ(၂၇)ရက် မနက်ပိုင်းက ငွေဆောင်ကမ်းခြေ ချစ်သူများကျွန်းမှာ ပင်လယ်လှိုင်းတွေဆွဲသွားတဲ့အရှိန်ကြောင့် လူသေဆုံးမှုတစ်ခုရှိခဲ့ပါတယ်။

ပင်လယ်ကမ်းခြေဒီရေလှိုင်းတွေဆွဲသွားတဲ့အထဲ ကမ်းစပ်မှာ ရေကူးနေသူတွေအနက် တစ်ဦး သေဆုံးခဲ့ပြီး ကျန် ယောကျာ်းလေး (၃)ဦးကိုတော့ ငွေဆောင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။

အပျော်ကနေ မထင်မှတ်ပဲ အပျက်ဖြစ်သွားတဲ့အခါ မိသားစုတွေပါ စိတ်ထိခိုက်ကြေကွဲမှုတွေ ခံစားရမှာကြောင့် အားလုံးပဲ ပျော်ရွှင်စွာ အသိ နဲ့ သတိ ကပ်နိုင်ကြပါစေ.။   

သတင်းအရင်းမြစ် Si hein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။