Myanmar Idol Winner သားငယ်ကတော့ ကွယ်လွန်ပြီးပြီဖြစ်တဲ့ မိဘနှစ်ပါးအတွက်

မွေးရပ်မြေကိုပြန်ုပြီး အလှုလုပ်ပေးလိုက်ပါတယ် ။ မတ်လ(၂၇)ရက်နေ့က ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ

ကွယ်လွန်သူ မိဘနှစ်ပါးအတွက်က ရည်စူးပြီးအလှုလုပ်ခဲ့တာဖြစ်ပြီး သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေနဲ့လဲတွေ့ဆုံခဲ့ပါတယ် ။

"ဒီနေ့ မာန်အောင်ကိုလာပါမယ်။ မနက်ဖြန်မနက် တောင်ကုတ် ကိုရောက်မှာပါ။ တောင်ကုတ်က အမျိုးတွေနဲ့လည်း တွေ့ချင်ပါတယ်ဗျာ။ ရခိုင်တစ်ပြည်နယ်လုံးကို လာချင်ပေမယ့် သင်္ကြန်အတွက် ပြင်ဆင်စရာလေးတွေနဲ့ လက်ခံ ထားပြီးသားပွဲလေးတွေရှိလို့ပါ။ မာန်အောင် မြို့မှာပဲ ကွယ်လွန်သွားတဲ့ ကျွန်တော့်မိဘနှစ်ပါးအတွက် ရည်စူးပြီး အလှူ လုပ်ပေးရင်း ကျွန်တော်ချစ်ရတဲ့ သူအားလုံးနဲ့လည်း ပရဟိတ တစ်ခုခုလုပ်ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင် ပါတယ်။

တခြားမြို့တွေကို လောလောဆယ်မလာနိုင်ခဲ့တာကိုတော့ နားလည် ခွင့်လွှတ်နားလည််ပေးဖို့(အထူး)မေတ္တာရပ် ခံပါရစေ။ သင်္ကြန်ပြီးတာနဲ့ ကျွန်တော်အချိန်ရရင်ရသလို အားလုံးနဲ့တွေ့ဖို့ စီစဉ်ပ့ါမယ်" လို့ သူကဆိုပါတယ် ။

အောင်မြင်ကာစအလုပ်တွေရှုပ်နေတဲ့ကြားက မိဘနှစ်ပါးကို သတိတရအလေးထားပြီး အလှုအတန်းလုပ်ပေးတဲ့ သားငယ်က ပရဟိတလုပ်ငန်းတွေကိုလဲ

ချစ်တဲ့ပရိတ်သတ်နဲ့ အတူတူလုပ်ပြီး ကုသိုလ်ယူချင်ပါသေးတယ်တဲ့ ။ ရခိုင်တစ်ပြည်နယ်လုံးကိုမလာနိုင်တာကိုလဲ ခွင့်လွှတ်ဖို့ ထပ်မံတောင်းပန်ထားပါသေးတယ် ။ သားငယ်ကို အားပေးလိုက်ကြပါဦး ပရိတ်သတ်ကြီးရေ ...

Source : Thar Nge 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။