ဒိန်းမတ်ရဲတွေကတော့ ကမ္ဘာ့ဈေးအကြီးဆုံး ဗောဒ့်ကာအရက်ပုလင်း အခိုးခံရတဲ့ ကိစ္စကိုအပူတပြင်း စုံစမ်းနေကြတယ်လို့သိရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းများအရ ထိုအရက်ပုလင်းဟာ တန်ဖိုးကြီး ရွှေ၊ငွှေတို့ဖြင့်ပြုလုပ်ထားပြီး အဖုံးကို စိန်များဖြင့်စီချယ်ထားတယ်လို့လည်း သိရပါတယ်။

ကိုပင်ဟေဂင်မြို့ရှိ အရက်ဘား တစ်ခုတွင် အထူးတန်ဖိုးမြင့်မားသည့် ဗော့ဒ်ကာ အရက်များကို ထည့်သွင်းပြသရန် အခကြေးငွေဖြင့် ငှားရမ်းထားချိန်၌ အဆိုပါ အရက်ပုလင်း အခိုးခံရခြင်း ဖြစ်သည်။ အဆိုပါ ပုလင်းကို House of Cards ရုပ်မြင်သံကြား စီးရီးထဲတွင်လည်း ထည့်သွင်း ရိုက်ကူး ပြသဖူးကြောင်း အရက်ဘားပိုင်ရှင် ဘရိုင်ယန် အင်းဘာ့ဂ်က ဆိုပါတယ်။

လုံခြုံရေး ကင်မရာ မှတ်တမ်းများ၌ Russo-Baltiqueလက်ရာ ဗော့ဒ်ကာပုလင်းကို လူတစ်ဦးက အလစ်ယူငင်ပြီး ဘားထဲမှ ထွက်ပြေးသွားသည်ကို တွေ့ရပါတယ်။ ဇန်နဝါရီ ၂ ရက် မနက်အစောပိုင်းကဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်တွင် သူခိုးဟာ ဆိုင်ထဲသို့ ဖောက်ထွင်းဝင်ရောက်လာခြင်းလား၊ သို့မဟုတ် ဆိုင်သော့ရှိနေခြင်းလား ဆိုသည်ကို ကွဲကွဲပြားပြား မသိရသေးကြောင်း ရဲများက ပြောကြားခဲ့ပါတယ်။

ဇိမ်ခံ အသုံးအဆောင်များ သီးသန့် ထုတ်လုပ်သည့် Russo-Baltique ကုမ္ပဏီ၏ စက်ရုံ နှစ်ပေါင်း ရာပြည့် အခမ်းအနား အထိမ်းအမှတ်အဖြစ် အဆိုပါ ဗော့ဒ်ကာပုလင်းကို ဖန်တီးခဲ့ခြင်းဟု ပြောကြားခဲ့သည်။ ပုလင်း၏ အရှေ့ပိုင်းကို အကောင်းစား သားရေဖြင့် အုပ်မိုးပြီး ကားများတွင် အသုံးပြုသည့် Radiator အထောက်အပံ့ဖြင့် ကာကွယ်ထားတယ်လို့သိရပါတယ်။ 

Source : BBC 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။