ပရိသတ်ကြီးကို ဒီတစ်ခါမှာတော့ လွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်က ဖြစ်ပျက်ခဲ့တဲ့ သနားစရာ ဖြစ်ရပ်လေးတစ်ခု ကိုဖော်ပြပေးချင်ပါတယ်။ ဒီဖြစ်ရပ်လေးဟာ အချိန်တော်တော်ကြာတဲ့ အထိ လူတွေရဲ့ ပါးစပ်ဖျားမှာ အမြဲ ပြော စမှတ်တွင်ခဲ့စေတဲ့ ဖြစ်ရပ်လေးတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ အစကတော့ ပြင်သစ်နိုင်ငံသူ Blanche Monnier (1849–1913)ဟာ နေအိမ်၏ အခန်းတစ်ခန်းထဲတွင် ၂၅ နှစ်ကြာ အပိတ်ခံခဲ့ရပါတယ်။ သူမဟာ ဥပဒေ တရားရေး ဝန်ထမ်း တစ်ဦးနှင့် ချစ်ကြိုက်နေတာကို သူ့အမေ က သဘောမတူလို့ ဒီလို့ လုပ်ခဲ့တာဖြစ်ပါတယ်။ 

တရားရေး ဝန်ထမ်းဆိုတာ ဥပဒေရေးရာ ကိုကျွမ်းကျင်သူ တစ်ယောက်ဖြစ်တာကြောင့် သူ့အမေနဲ့ အမှုတစ်ခုခု မှာ မပြေမလည်ကြပဲ ဒုက္ခပေးခဲ့တဲ့ တရားသူကြီး လည်းဖြစ်နိုင်ပါတယ်။ သူမ ကိုပြန်တွေ့တဲ့ အချိန်မှာ အလွန် ပိန်လှီနေပြီး ၂၅ နှစ်လုံးလုံး နေရောင်ကို လည်း မမြင်ရပါ ဘူးတဲ့ နောက်ပြီး ကြွက်တွေ ကလည်း သူ့ဘေးနားမှာ ရှိနေပါတယ်။ ဒီကိစ္စနဲ့ သူမ အမေလည်း ထောင်ကျ ခဲ့ပြီး ၁၅ နှစ်အကြာမှာ ထောင်ထဲတွင်ကွယ်လွန်ခဲ့ပါတယ်။ 

ဒီဖြစ်ရပ်လေးကိကြည့်ပြီး သံဝေဂရ သွားတာတစ်ခုကတော့ လူနှစ်ယောက်ရဲ့အငြိုးကြောင့်ပဲ ဖြစ်ဖြစ် တစ်ဦးတစ်ယောက်ကြောင့်ပဲ ဖြစ်ဖြစ် မဆိုင်သူက လက်ပံပင် ဓားနဲ့ အခုတ်ခံရသလို ဖြစ်သွားခဲ့ရပါတယ်။ နောက်ပီး အာ့အချိန်တုန်းက လူ့အခွင့်ရေးဆိုတာ လည်း မပေါ်သေးတဲ့အချိန်မှာ ဒီအမျိုးသမီးလေးရဲ့ ဘဝဟာ အတော်လေး ရင်နင့်စရာ ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့်ပရိသတ်ကြီးလည်း တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ ရန်ငြိုးတွေကြောင့် ဘေးလူကို မထိခိုက်စေပဲ မလိုအပ်တဲ့ အာဃာတ တရားတွေကိုလည်း သင်ပုန်းချေနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ 

Source : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။