မကြာခဏဆိုသလို ကြားသိနေရတဲ့ အမြန်လမ်းမပေါ်က သတင်းဆိုးကြီးတွေကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ သတင်းဆိုးကြီးတွေထဲမှာ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုနဲ့ ယာဉ်မီးလောင်မှုတွေက များစွာပါဝင်လျှက်ရှိတာတွေ့ရပါတယ်။ ဒီကနေ့ မတ်လ ၄ရက်နေ့မှာလည်း ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးတွင်း မီးလောင်မှုပြင်းပြင်းထန်ဖြစ်ပေါ်လျှက်ရှိကြောင်း သိရါပါတယ်။  

အဆိုပါ မီးလောင်မှုကတော့ မိုင်တိုင် ၃၄၇ တွင် လက်ရှိဖြစ်ပွားနေတာဖြစ်ပြီး Express ကားတစ်စီ ဖြစ်ကြောင်း သိရပါတယ်။ဆိုးဆိုးရွားရွားမီးလောင်မှုကြီးကြောင့် ခရီးသွားသူတွေကို အထိပ်တလန့်ဖြစ်စေခဲ့တာဖြစ်ပြီး ယာဉ်မောင်းသူအချို့ကိုလည်း ဟန့်တားထားခဲ့ရတာတွေ့ရပါတယ်။  

မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မသိရှိရသေးပဲ လက်ရှိအထိမီးလောင်ကျွမ်းမှုက လျော့ကျခြင်းမရှိသေးကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားမီးလောင်မှုဖြစ်ပွားခဲ့တဲ့ မကြာသေးမီက အမြန်လမ်းမပေါ်က ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Vide0 - သိမ်းထူးစံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။