မိန်းကလေးအများစုက မကြိုက်ဆုံးအရာကတော့ ဗိုက်မှာ ထွက်နေတဲ့ ဗိုက်ခေါက်လို့ခေါ်တဲ့ အဆီပိုတွေပါ။ စားချင်သမျှကို စားပြီး ဗိုက်မှာ အဆီပိုတွေတက်လာတဲ့ အချိန်က မိန်းကလေးတိုင်း စိတ်အညစ်ရဆုံးအချိန်ပါ။ ဗိုက်ခေါက်တွေမထွက်အောင် လေ့ကျင့်ခန်းတွေလုပ်ရ အစားတွေလျော့ရနဲ့ အရမ်းကို ပင်ပန်းပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလည်း လုပ်စရာမလို အစားလည်း လျှော့စရာမလိုပဲ ဗိုက်ခေါက်တွေကို လျှော့ချနိုင်မယ် နည်းလမ်းလေးကို ဖော်ပြပေးထားပါတယ်။

လုပ်နည်း

- ရှောက်သီးတစ်လုံးကို ထက်ခြမ်းခြမ်းလိုက်ပါ။ အကွင်းလိုက်လေးတွေ လှီးရင်လည်း ရပါတယ်။

- ပြီးရင် ပွက်ပွက်ဆူနေတဲ့ ရေနွေးထဲကို ထည့်ပြီး မိနစ်(၂၀)ခန့် နှပ်ထားလိုက်ပါ။

- ကြက်သွန်ဖြူ (၃) မွှာကို ယူပြီး အရင်ဆုံး အစိမ်းလိုက်ဝါးစားလိုက်ပါ။

- နှပ်ထားတဲ့ အရည်ကို ခပ်နွေးနွေးလေးဖြစ်သွားတဲ့ ထိ အအေးခံပြီး သောက်လိုက်ပါ။

ဒီနည်းကိုတော့ မနက်အိပ်ယာထတဲ့ အချိန်ဘာမှ မစားရသေးတဲ့ အချိန်မှာ သောက်ပေးရမှာပါ။ တစ်လအတွင်း ဆက်တိုက် ပုံမှန်သောက်သုံးပေးမယ် ဆိုရင် သိသိသာသာ အဆီပိုတွေကို လျှော့ပါးလာတာကို မြင်တွေ့ရမယ့် အပြင် သွယ်လျလှပတဲ့ ခန္ဓာကိုယ်လေးကို အမြဲတမ်းပိုင်ဆိုင်ရမှာပါ။ ဒါကြောင့် ပျိုမေလေးတွေ စမ်းကြည့်ဖို့ သင့်တဲ့ နည်းလမ်းလေးဖြစ်လို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Source: ရတနာပုံသတင်းစာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။