မကြာခဏဆိုသလို ကြားသိနေရတဲ့ အမြန်လမ်းမပေါ်က သတင်းဆိုးကြီးတွေကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ သတင်းဆိုးကြီးတွေထဲမှာ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုနဲ့ ယာဉ်မီးလောင်မှုတွေက များစွာပါဝင်လျှက်ရှိတာတွေ့ရပါတယ်။ ဒီကနေ့ မတ်လ ၅ရက်နေ့ အစောဆုံးမှာလည်း ရန်ကုန်- နေပြည်တော်အမြန်လမ်းမကြီးတွင်း ယာဉ်တိမ်းမှောက်မှုပြင်းပြင်းထန်ဖြစ်ပေါ် ခဲ့ကြောင်း သိရါပါတယ်။   

အဆိုပါ ယာဉ်တိမ်းမှောက်မှုကတော့ ဒီကနေ့ မတ်လ ၅ရက်နေ့ နံနက် ၆ နာရီလောက်က ၇၇/၃ ၇၇/၄ ကြားတွင် ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး "ယာဉ်မောင်း ဦးဝင်းထွန်း.၃၈ နှစ်. နယ်မြေ.၂ .ကလေးမြို့ နေသူမောင်းနှင်လာသည့် 6G/4---High class(ကလေး. -ရန်ကုန်)ခရီးသည်ယာဉ်သည် နောက်ယာဘက်ဘီးပေါက်ကာ လမ်းလယ်ကျွန်း Guard rails တန်းအား ဝင်ရောက်တိုက်မိကာ အရှိန်မထိန်းနိူင်ဘဲ လမ်းဘေးမြေသားလမ်းတွင် တစ်စောင်းအနေအထားဖြင့် တိမ်းမှောက်ခဲ့ကြောင်း " သိရပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါသည့် သံဃာ(၅)ပါး ကျား(၂၆) မ(၁၁) ဦး စုစုပေါင်း ၄၂ ဦး ပါရှိသည့်အနက် ကျား ၁၆ ဦး မ ၉ ဦး(သံယာ တစ်ပါးအပါ) ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။  

ဒါအပြင် ကျား ၆ ဦး မ ၂ ဦး (သံဃာ ၃ပါး အပါအဝင်) သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရသိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့တဲ့ ယာဉ်တိမ်းမှောက်မှုတစ်ခုဖြစ်ပြီး ဒီကနေ့အစောဆုံးရဲ့ ကံဆိုးမှုကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ယာဉ်မောင်းညီအကိုများ သတိပြုမောင်းနှင်နိုင်ဖို့ ဒီကနေ့ နံနက်အစောဆုံး တိမ်းမှောက်ခဲ့တဲ့ ယာဉ်တိမ်းမှောက်မှု ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

photos - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။