ဖြူဖြူကျော်သိန်းကို ကိုရီးယားရဲ့ နာမည်ကျော်ရုပ်သံလိုင်းက ဧည့်သည်အဖြစ်ပါဝင်ဖျော်ဖြေဖို့

ကမ်းလှမ်းလာတဲ့ အတွက် ကိုရီးယားထိ သွားရောက်ဖျော်ဖြေပေးခဲ့ပါတယ် ။

မြန်မာနိုင်ငံက ပထမဆုံး ဧည့်သည် အဆိုရှင်ဖြစ်သလို

ကိုရီီးယားရဲ့ Show တင်ဆက်မှုပုံစံထဲမှာ ကိုရီးယားအနုပညာရှင်တွေတွေ့နေကျကနေ

မြန်မာအဆိုရှင်ကိုတွေ့ရတာ တစ်မျိုးလေးတော့ ဆန်းနေလေရဲ့ ...

သို့ပေမယ့်လဲ မဖြူကတော့ Professional ကျကျပဲဖျော်ဖြေသွားပါတယ် ။

Presenter 2 ယောက်နဲ့ စကားပြောတဲ့အခါ မဖြူဟာသူပြောနေကျ Native Speaker အသံဆိုတဲ့

ပီသလွန်းတဲ့ English စကားစွမ်းရည်ကိုပြသသွားတာမို့

တစ်ခေါက်တော့ ကြည့်ဖြစ်အောင်ကြည့်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ် ...

ကိုရီးယားကနေတောင် တစ်ကူးတကလာရောက်ဖိတ်ကြားခံရတဲ့ပွဲမှာ ဒီလိုလုပ်ပြနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူစရာပါပဲနော် ။

နိုင်ငံဂုဏ်ဆောင်ခဲ့တဲ့ မဖြူကို အားပေးလိုက်ကြပါဦး ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။