အာဖဂန်နစ္စတန် သမ္မတ အက်ရှ်ရက်ဖ် ဂါနီကတော့ သူ့ရဲ့ ရွေးကောက်ပွဲ အဓိကပြိုင်ဖက်တစ်ယောက်ဖြစ်တဲ့ မိုဟမ်မက်ဒ် ဟာနိဖ် အတ်မာ ရဲ့ စွပ်စွဲပြောဆိုမှုကိုခံခဲ့ရတယ်လို့သိရပါတယ်။

သမ္မတဂါနီ စွပ်စွဲခံခဲ့ရတာကတော့ သူဟာ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်ကို ဟန့်တားနေတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရတာပဲဖြစ်ပါတယ်။

ဒါ့အပြင် အတ်မာဟာ သမ္မတဂါနီအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်မယ့် အားထုတ်မှုတွေကို ပိတ်ဆို့ရင်း တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးကို နှောင့်နှေးအောင် ပြုလုပ်နေတယ်လို့လည်းပြောကြားခဲ့ပါတယ်။  

ဒါ့အပြင် သမ္မတ ဂါနီဟာ အာဖဂန်နိုင်ငံအတွင်း ဆွေးနွေးပွဲတွေကို ကျိုးကြောင်း မခိုင်လုံဘဲ ဆန့်ကျင်နေသူတစ်ဦးပါ ၊ သူဟာ လုပ်ငန်းစဉ်အတွင်းက လုပ်ဆောင်ချက်တွေကို အစွန်းရောက်အောင် မျက်နှာသာမပေးဘူး ပထမအနေနဲ့ မော်စကို ထပ်သီးညီလာခံထဲမှာပါတဲ့ လူတိုင်းက သူ့ကိုဝေဖန်ကြတယ် ၊ ဒုတိယအနေနဲ့ တာလီဘန်တွေကို ခရီးသွားလို့မရအောင် တားဖို့ ကုလသမဂ္ဂဆီ စာပို့တာတွေလုပ်ခဲ့သေးတယ် လို့ စွပ်စွဲပြောကြားခဲ့ကြောင်းသိရပါတယ်။ 

source - dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။