မကြာခဏဖြစ်ပေါ်တက်တဲ့ ပြည်တွင်း မီးလောင်မှုသတင်းတွေကိုတတော့ အားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ မီးဘေးဒုက္ခကြောင့် သေဆုံးသူများစွာနှင့်အတူ ဘဝပျက်ခဲ့ရသူတွေလည်းများစွာဖြစ်ပေါ်ခဲ့တာအားလုံးအသိပဲဖြစ်မှာပါ။ ဒီကနေ့ မတ်လ ၅ရက်နေ့ မှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြောက်စရာမီးလောင်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။       

အဆိုပါ မီးလောင်မှုကတော့ ရန်ကုန်တိုင်းဒေသကြီး သာကေတစက်မှုဇုန် မြန်မာ့ဂုဏ်ရည်လမ်းပေါ်ရှိ YD အရက်ချက်စက်ရုံထရန်စဖော်မာ မီးလောင်ကျွမ်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ၎င်းမီးလောင်မှုကတော့ ဒီကနေ့ မွန်းလွဲ ၁၂ နာရီ ၃၀မိနစ် အချိန်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး မီးငြိမ်းယာဉ်များစွာ သွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။  

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရပြီး ဆုံးရှုံးမှုများစွာရှိခဲ့ကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားမီးလောင်ကျွမ်းခဲ့တဲ့ မကြာသေးမီက သာကေတစက်မှုဇုန် မြန်မာ့ဂုဏ်ရည်လမ်းပေါ်ရှိ YD အရက်ချက်စက်ရုံထရန်စဖော်မာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Vide0 - Eleven Broadcasting

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။