အသိညာဏ်ပညာကသာ ကိုယ်တကယ်ပိုင်တဲ့ ပစ္စည်းလို့ပြောလိုက်တဲ့ ကရင်မလေး Miss Earth Myanmar နန်းခိုင်ရွှေင်ဝါဝင်း

နန်းခိုင်ရွှေဝါဝင်းဆို ချစ်စရာကောင်းတဲ့ miss လေးမှန်းအားလုံးက သိကြမှာပါ။ သူမကရုပ်ရည် လှပရုံသာမကဘဲ Miss Earth ပြိုင်ပွဲကမေးတဲ့ မေးခွန်းတွေကိုလည်း အခုလို လှလှပပ ဖြေကြားထားပါသေးတယ်။

ငယ်စဉ်ကလေးဘဝကနေ မှတ်သားမိတဲ့အရာတစ်ခုကို ပြောပြပေးပါလား

ကျွန်မ၁ဝနှစ်အရွယ်ကလေးဘဝတုန်းက သူခိုးကကျွန်မ စက်ဘီးလေးကို ခိုးသွားခဲ့ပါတယ်။ အဖေ့ဆီက ရတဲ့လက်ဆောင်မို့ တော်တော်လေးနှစ်သက်တဲ့ ပစ္စည်းဖြစ်လို့ ငိုခဲ့မိပါတယ်။ အဲ့အချိန်မှာဘဲ ကျွန်မအဒေါ်က တန်ဖိုးရှိတဲ့ ဒီစကားတွေနဲ့ ဆုံးမခဲ့ပါတယ်။ ဘာပစ္စည်းဘဲဖြစ်ဖြစ် ရုပ်ဝတ္ထုပစ္စည်းတွေက ခိုးယူလို့ရပြီး အသိညာဏ်ပညာနဲ့ဗဟုသုတကသာ ဘယ်သူမှကိုယ့်စီက လာယူလို့မရတဲ့အတွက် ခိုးယူလို့မရတဲ့ အရာတွေအတွက်ဘဲ ပိုကြိုးစားပါလို့ ဆုံးမခဲ့ပါတယ်။ ဒီစကားလေးကကျွန်မဘဝတစ်လျှောက်လုံးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာပါဘဲလို့ သူမက ဖြေကြားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။