ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ ကင်ညာနိုင်ငံ အနောက်မြောက်ပိုင်း မှာ ရဟတ်ယာဉ်တစီး ပျက်ကျခဲ့တယ်လို့သိရပါတယ်။

၎င်းရဟတ်ယာဉ်ကတော့ မတ်လ ၃ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန်လောက်မှာ နိုင်ငံအနောက်မြောက်ပိုင်းက သဘာဝဥယျာဉ်အတွင်းမှာ ပျက်ကြခဲ့တာပဲဖြစ်ပါတယ်။ 

၎င်းရဟတ်ယာဉ်ဟာ ပြည်မကြီးရှိ လိုဘိုလို စခန်းကို ဦးတည်ပြီး ပျံသန်းလာတဲ့ ရဟတ်ယာဉ်တစ်စီးဖြစ်သလို ၎င်းရဟတ်ယဉ်ပေါ်မှာ အမေရိကန်နိုင်ငံသား ၄ ဦးနဲ့ ကင်ညာနိုင်ငံသား ရဟတ်ယာဉ်မှူးတို့ လိုက်ပါလာခဲ့ကြပါတယ်။

သို့ပေမယ့် ရဟတ်ယာဉ်ပျက်ကျခဲ့တာကြောင့် ထိုသူတွေအားလုံးဟာ အသက်သေဆုံးခဲ့ကြတယ်လို့သိရပါတယ်။ 

ကင်ညာရဲတပ်ဖွဲ့အနေနဲ့ဆိုရင်လည်း လက်ရှိအချိန်မှာ ရဟတ်ယာဉ်ပျက်ကျ ရတဲ့အကြောင်းကို စုံစမ်းဖော်ထုတ်နေသလို သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြုလုပ်နိုင်ဖို့ကိုလည်း ကျိုးစားနေကြတယ်လို့သိရပါတယ်။ 

source - dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။